ဘယ်လောက်ပဲ ချစ်ချစ် တစ်ချိန်ချိန်မှာ ပြောင်းလဲသွားနိုင်တာမို့... ဖတ်ထားသင့်ပါတယ်။

1. ဖုန်းလာရင် လန့်တယ်

ဖုန်းလာရင် လန့်တယ်

သင်နဲ့အတူတူ ရှိနေချိန်တွေမှာ ဖုန်းဝင်လာတိုင်း ဘယ်သူဆီက ဖုန်းမှန်းမသိသေးခင် လန့်သလိုလို ရှိနေတက်တယ် ။ သင့်ရှေ.မှာဆို မက်ဆေ့ခ်ျကို ချက်ခြင်းဖွင့်မကြည့်ဘူး ၊ ဖုန်းလာတဲ့ အချိန်တွေမှာ အပြောအဆို အပြုအမူတွေဟာ ပုံမှန်မဟုတ်ဘူး။

2. အမူအရာတွေ ပြောင်းလာတယ်

သင်နဲ့ ပတ်သတ်တဲ့ သူ့အမူအရာတွေ အစစအရာရာ ပြောင်းလဲလာတယ် ၊ သင်နဲ့ အတူတူရှိနေပေမယ့် သူ့စိတ်တွေက အဝေးမှာလိုလို

3. သူ့သူငယ်ချင်းတွေဟာလည်း ပြောင်းလဲလာ

သူ့ သူငယ်ချင်းတွေဟာ သူပြောင်းလဲနေပြီဆိုတာကို အရင်ဆုံး သိမယ့်လူတွေပါ ၊ ဒါကြောင့် သူ့သူငယ်ချင်းတွေဟာ သူ့ဖက်ကနေပဲလိုက်ပြီး ၊ သင့်အပေါ် ဆက်ဆံပုံတွေ ပြောင်းလဲသွားရတာပါ ။ 

4. အသေးအဖွဲ့က အစ လိမ်

ဘာမဟုတ်တဲ့ ကိစ္စတွေကအစ ဖုံးကွယ် လိမ်ညာနေပြီ ဆိုရင်တော့ သင်တို့ဆက်ဆံရေးဟာ မကောင်းတော့ပါဘူး ။ 

5. သင့်စိတ်ကို သင်မညာပါနဲ့

သင့်အဖော် တစ်ခုခုပြောင်းလဲနေပြီ ဆိုတာကို သင်က သူ့ကိုချစ်စိတ်နဲ့ အလိုလို သိပါတယ် ။ သင့်စိတ်ထဲ ထင့်နေရင်တော့ သတိထားသင့်ပါပြီ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations