အိမ်ထောင်ရှင် အမျိုးသမီးတွေအနေနဲ့ ချစ်တင်းနှောဖို့ စိတ်မဝင်စားတော့တာဟာ ကြာလာပြီဆိုရင် ဒီအချက်အလက်တွေနဲ့ ဆန်းစစ်သင့်ပါတယ်။

- အမျိုးသမီးတွေရဲ. ချစ်တင်းနှောလိုစိတ်ကို testosterone လို့ခေါ်တဲ့ မဟော်မုန်း တစ်မျိုးက ထိန်းချုပ်ထားတာပါ ၊ သားဆက်ခြားနည်းတွေဟာ ရံဖန်ရံခါမှာ testosterone  ထုတ်လုပ်မှုပမာဏာကို လျှော့နည်းစေတာမို့ ချစ်တင်းနှောလိုစိတ်ကိုပါ လျှော့ကျစေပါတယ် ။ ဒါဟာ များသောအားဖြင့် သွေးဆုံးကာနီး အမျိုးသမီးကြီးတွေမှာ ပိုပြီး ဖြစ်လေ့ ရှိပါတယ် ။ သင့်အနေနဲ့ မတူညီတဲ့ သန္ဓေတားနည်းမျိုးကို ပြောင်းလဲသင့်ပါတယ်။

စိတ်ဓါတ်ကျနေချိန်တွေ သို့တည်းမဟုတ် စိတ်ကြွဆေးတွေ မှီဝဲနေရင်တော့ အမျိုးသမီးအနေနဲ့ ချစ်တင်းနှောလိုစိတ်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ် ။ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေဟာလည်း အမျိုးသမီးတွေရဲ. ချစ်တင်းနှောလိုစိတ်ကို လျှော့ပါးစေပါတယ် ။ ဒါကို ဘယ်လိုဖြေရှင်းမလဲ ? သင့်အနေနဲ့ အပူအပင်မရှိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်အောင် ကြိုးစားသင့်ပါတယ် ၊ ဒီလိုဆိုရင် သင့်ရဲ. ချစ်တင်းနှောလိုစိတ်ကို ပြန်ပြီး ရရှိစေပါလိမ့်မယ်။

အချို.သော မိန်းကလေးတွေဟာ အလှပျက်မှာစိုးလို့ ဘာလို့ညာလို့ ဆိုတဲ့ အကြောင်းတရားတွေကြောင့် တစ်ပတ်ကိုတော့ ဘယ်နှစ်ကြိမ်ပဲ ချစ်တင်းနှောမယ် ဆိုတာမျိုး စိတ်တွေ ထားတက်ကြပါတယ် ၊ ဒါဟာ မဖြစ်သင့်တဲ့ အရာပါ ။

လင်မယားတွေအနေနဲ့ ချစ်သက်တမ်း ကြာလာတဲ့အခါမှာ တစ်ဦးပေါ် တစ်ဦး စိတ်ဝင်စားမှု နည်းလာတက်ပါတယ် ၊ ဒီအတွက်ကြောင့် ချစ်တင်းနှောလိုစိတ်လည်း မရှိတော့ဘူး ဆိုတာမျိုး ဖြစ်လာနိုင်ပါတယ် ။ ဒါကြောင့် ဟိုးတုန်းက ချစ်စခင်စ အချိန်တွေကို ပြန်တွေးပြီး ကြိုးစားကြည့်သင့်ပါတယ် ။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations