အိမ်ထောင်တစ်ခု တည်မြဲဖို့များစွာသော အရေးကြီးတဲ့ အရာတွေ ရှိတဲ့ထဲကမှ လင်မယားနှစ်ယောက်ရဲ. အိပ်ယာဝင်ချိန်ဟာလည်း အရေးပါလှပါတယ်။

အတူတူအိပ်ယာဝင်ပါ

 အတူတူအိပ်ယာဝင်ပါ

သင်တို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အိပ်စက်ချိန်တူညီဖို့ ကြိုးစားသင့်ပါတယ် ။ တစ်ယောက်က တီဗီကြည့်နေလို့ ၊ တစ်ယောက်က အလုပ်ရှုပ်နေလို့ အိပ်ချိန်မတူတာမျိုး မဖြစ်သင့်ပါဘူး ၊ အတူတူ အိပ်ယာဝင်ဖို့ ညှိနှိုင်းကြိုးစားသင့်ပါတယ် ။ 

အိပ်ယာဝင်ချိန်မှာ ဖုန်းတွေကို ယူမလာပါနဲ့

ဖုန်းတွေ PC တွေကို သင့်အိပ်ယာပေါ် ယူမလာကြသင့်ပါဘူး ၊ လင်ကိုယ်မယားနှစ်ဦးတည်းသာ အိပ်ယာပေါ်မှာ အချိန်ကုန်ဆုံးသင့်ပါတယ် ။ ဖုန်းတွေအတွက် အိပ်ယာပေါ်မှာ အချိန်ပေးတာဟာ သင်တို့ရဲ. ဆက်ဆံရေးကို ဆိုးရွားစေနိုင်ပါတယ်။

ချိုသာစွာ စကားပြောဆိုပါ

အိပ်ယာဝင်ချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် တစ်နေ့တာကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရင်ဖွင့်တိုင်ပင်တာမျိုး လုပ်သင့်တာ မှန်ပေမယ့် ချိမြိန်တဲ့ ချစ်စကားတွေ ပြောဖို့လည်း မေ့မနေသင့်ပါဘူး။

ထိတွေ့မှု ပုံစံသစ်တွေကို အသုံးပြုပါ

လူတိုင်းဟာ ရိုးသွားတက်တဲ့ စိတ်ရှိပါတယ် ၊ ဒါကြောင့် သူ့အပေါ် မှာ ကိုယ်ရဲ. အထိအတွေ့တွေဟာ အမြဲတမ်း ဆန်းသစ်ရင်ခုန်နေစေဖို့ အရေးကြီးပါတယ် ။

နမ်းပါ

အနမ်းဆိုတာဟာ ချစ်ခြင်းကို ဖော်ပြတာပါပဲ ၊ ဒါကြောင့် ညတိုင်း နမ်းပေးသင့်ပါတယ် ၊ ဒါဟာ နေ့တစ်နေ့ကို ချစ်ခင်ကြင်နာမှုနဲ့ အဆုံးသတ်ကြောင်း ပြသရာလည်း ရောက်ပါတယ်။ သင်တို့နှစ်ယောက်ကြား သံယောဇဉ်ကို ပိုမိုခိုင်မာစေမှာပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations