လန့်စရာ မဟုတ်ဘူးဆိုပေမယ့်လည်း....

ဂစ်တာ

ဂစ်တာ

တက္ကဆတ်ပြည်နယ်က လူတစ်ယောက်ဟာ သင်းအုပ်ဆရာကို လျှပ်စစ်ဂီတာနဲ့ မသေမချင်း ရိုက်သတ်ခဲ့ဖူးပါတယ်။ 

Xbox 360 ဂိမ်းစက်

Xbox 360 ဂိမ်းစက်

ဖလော်ရီဒါမှာ အမျိုးသမီးကို ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ် ။ သူမကို သတ်သွားတဲ့ လူသတ်သမားဟာ ဂိမ်းစက်နဲ့ သတ်သွားတာပါ ။

ဒေါက်မြင့်ဖိနပ်

ဒေါက်မြင့်ဖိနပ်

တက္ကဆက်ပြည်နယ်မှာ တက္ကသိုလ်ပါမောက္ခတစ်ယောက်ဟာ အမျိုးသမီးတစ်ဦးရဲ. ဒေါက်ဖိနပ်နဲ့ အသတ်ခံခဲ့ရပါတယ် ။ ပါမောက္ခကို ခေါင်းနဲ့ လည်ပင်းမှာ အပေါက်ရာ ၁၅ ခုနဲ့ တွေ့ရှိခဲ့ရပါတယ်။

ဇွန်း

ဇွန်း

ဇွန်းနဲ့ လူသတ်လို့ရတယ်ဆိုတာကတော့ မယုံနိုင်ဖွယ်ရာပါပဲ ၊ ဟုတ်ပါတယ် ၊ ဖလော်ရီဒါက အကျဉ်းထောင်မှာ အကျဉ်းသားဟာ အစောင့်ကို ၁၉၈၀ ခုနှစ်က သတ်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ် ၊ မသတ်ခင်မှာတော့ ဇွန်းကို ချွန်ထွက်နေအောင် သွေးထားခဲ့ရတာပါ။ 

ဘောပင်

ဘောပင်

စာရေးရာမှာ သုံးတဲ့ ဘောပင်နဲ့ လူသတ်လို့ရပါသတဲ့ ဟူးဆိုတဲ့ မြို.က သဝန်တိုတက်တဲ့ ချစ်သူကောင်လေးဟာ သူရဲ. ကောင်မလေးကို ဘောပင်နဲ့ ထိုးသတ်ခဲ့ပါတယ် ၊ 

လက်ဝါးကပ်တိုင်

လက်ဝါးကပ်တိုင်

အိုင်ယာလန်နိုင်ငံ ဒူဘလင်းမြို.က ဆေးရောင်းတဲ့ အမျိုးသမီးတစ်ဦးဟာ အသက် ၈၁ နှစ်အရွယ် အဘိုးအိုတစ်ယောက်ကို လက်ဝါးကပ်တိုင်နဲ့ ရိုက်သတ်ခဲ့ဖူးပါတယ်။

ရင်သား

ရင်သား

ဝါရှင်တန်က အမျိုးသားတစ်ဦးဟာ ရည်းစားနဲ့ ရန်ဖြစ်စကားများရာက သူမရဲ. ရင်သားနဲ့ ဖိပြီး အသက်ရှုကြပ်အောင် ပြုလုပ်ခံရပြီး သေဆုံးခဲ့ပါတယ်။ သင့်ရည်းစား/မိန်းမက ကိတ်တယ်ဆိုရင်တော့ သတိထားသင့်ပါပြီ ၊ သူစိတ်ဆိုးအောင် သွားမလုပ်နဲ့ပေါ့

Source : life

နှစ်သက်တယ်ဆိုရင် အောက်က facebook ခလုပ်ကိုနှိပ်ပြီး သင့် facebook မှာ share လုပ်ပေးပါဦး

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations