တမင်တကာလုပ်တာလို့ ဝေဖန်သူတွေ ရှိနေပါတယ်။

အမျိုးသမီး အွန်လိုင်းဂိမ်းကစားသူတစ်ဦးဟာ သူမရဲ. ဂိမ်းကစားနေမှုကို Twitch ဆိုတဲ့ အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ပေးတဲ့ ၇ှိတဲ့ channel ကနေ ထုတ်လွှင့်လေ့ရှိပါတယ် ၊ ဒါပေမယ့် ရှေ.ဆက်ပြီးတော့ သူမရဲ. ထုတ်လွှင့်မှုတွေကို ဒီ ချန်နယ်က ခွင့်ပြုပေးတော့မှာမဟုတ်ပဲ သူမကို ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

ဘာလို့လည်းဆိုတော့ သူမဟာ အွန်လိုင်းကတိုက်ရိုက် ထုတ်လွှင့်နေတုန်း အောက်စလွတ်သွားတဲ့ အနေအထားတွေ ပါဝင်လာလို့ပါ ၊ ဒီဖြစ်စဉ်ဟာ Dark Souls ဆိုတဲ့ အွန်လိုင်း ဗီဒီယိုဂိမ်း ကစားနေပုံတွေကို ထုတ်လွှင့်နေစဉ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ၊ သူမရဲ. ကစားနေပုံကို စောင့်ကြည့်နေတဲ့ ပရိသတ်ထောင်နဲ့ချီပြီး ရှိနေချိန်မှာ ဖြစ်သွားခဲ့တာပါ ။ 

သူမဟာ ကယ်လီဖိုးနီးယားမှာ နေထိုင်ကာ Lea May လို့ အမည်ရှိပြီး ယခင်တုန်းက တင်ဆက်ခဲ့တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာလည်း အခုလို အောက်စလွတ်တာမျိုးတွေ ခဏခဏ ဖြစ်လေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ သူမဟာ လူစိတ်ဝင်စားမှုများအောင် တမင်လုပ်တာလို့ ဝေဖန်သူတွေ ရှိနေပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations