ဒီဆိတ်မွေးဖွားလာတာဟာ ဆိတ်ပိုင်ရှင်အမျိုးသားက ဆိတ်နဲ့ လိင်ဆက်ဆံခဲ့လို့များ ဖြစ်နေမလားဆိုပြီး စုံစမ်းစစ်ဆေးနေတာပါ

ဂျိုဟာပြည်နယ်က စိုက်ပျိုးရေးအဖွဲ့အစည်း တစ်ခုက တာဝန်ရှိသူတစ်ဦးက ဒီဆိတ်ပေါက်လေးကို ကြည့်ရှုစစ်ဆေးဖို့ အချိန် တစ်လလောက်လိုမယ်လို့ ကြေငြာထားပါတယ် ။

ဒီဆိတ်လေးဟာ မလေးရှားတောင်ပိုင်း နေထိုင်တဲ့ Ibrahim Basir ရဲ. ဆိတ်ကလေးဖြစ်ပြီး ၊ ထူးထူးခြားခြား လူမျက်နှာနဲ့ တူနေလို့ သူဟာ အင်တာနက်ပေါ် ဓါတ်ပုံတွေ တင်ခဲ့ပါတယ် ၊ ဆိတ်ကလေးကို ဝယ်ယူဖို့ ပိုက်ဆံနဲ့ကမ်းလှမ်းသူတွေ ရှိပေမယ့် မရောင်းချခဲ့ပါဘူး ၊ ဒါပေမယ့်လည်း ဆိတ်လေးက ကြာရှည်မခံပဲ သေဆုံးသွားခဲ့ပါတယ်။ 

Ibrahim ရဲ. အဆိုအရ ဆိတ်ကလေးဟာ မျက်နှာ ၊ နှာခေါင်း ခြေထောက်တွေဟာ လူအတိုင်းပါပဲတဲ့ ။

အခုအချိန်မှာတော့ ဒီဆိတ်လေးဟာ ဘာကြောင့် လူနဲ့တူရသလဲ ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါပြီ ၊ ကျွမ်းကျင်သူတွေက လူရဲ. DNA နဲ့ အခြားသတ္တဝါတွေရဲ. DNA မတူညီတာမို့ မျိုးစပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုထားပေမယ့် အစိုးရနဲ့ တာဝန်ရှိသူတွေကတော့ ဆိတ်ကလေးဟာ လူပုံဖြစ်နေခြင်းဟာ ဆိတ်မကြီးနဲ့ ဆိတ်ပိုင်ရှင်များ လိင်ဆက်ဆံခဲ့လို့လားဆိုပြီး ဖြစ်နိုင်ခြေတစ်ရပ်အနေနဲ့ စဉ်းစားနေပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations