စာရေးတာကို ဝါသနာပါပြီး အင်္ဂလိပ်ဘာသာစကားနဲ့လည်း ရေးသားနိုင်တယ်ဆိုရင် သင့်ဟာ အင်တာနက်မှာ စာရေးသားခြင်းဖြင့် ဝင်ငွေရရှိနိုင်ပါတယ်။

စာရေးတာကို ဝါသနာပါပြီး အင်္ဂလိပ်ဘာသာစကားနဲ့လည်း ရေးသားနိုင်တယ်ဆိုရင် သင့်ဟာ အင်တာနက်မှာ စာရေးသားခြင်းဖြင့် ဝင်ငွေရရှိနိုင်ပါတယ်။ အင်တာနက်ပေါ်မှာ စာရေးသားခြင်းဖြင့် ဝင်ငွေရရှိနိုင်တဲ့ website တွေများစွာ ရှိတဲ့အထဲမှ အမှန်တကယ် ငွေပေးချေမှုရှိပြီး ယုံကြည်ရတဲ့ website တစ်ချို.ကို ဖော်ပြပေးလိုက်ပါတယ်။ website တစ်ခုနဲ့တစ်ခုဟာ စည်းမျဉ်းစည်းကမ်းတွေ မတူကြသလို အချို.သော website တွေက သင့် အမည်ကို စာရေးသူနေရာမှာ ဖော်ပြပေးမှာမဟုတ်လို့ သက်ဆိုင်ရာ website ရဲ. စည်းမျဉ်းစည်းကမ်းတွေကို အသေချာဖတ်ရှုဖို့ အကြံပေးလိုပါတယ်။

wikimedia

၁. Listverse ဟာ အကြောင်းအရာခေါင်းစဉ်တစ်ခုနဲ့ ပတ်သတ်ပြီး အကောင်းဆုံး ၁၀ ခုစာရင်း ၊ အဖိုးအတန်ဆုံး ၅ ခုစာရင်း (ဥပမာ – ၂၀၁၅ ခုနှစ်အတွက် လူကြိုက်အများဆုံး  သီချင်း ၁၀ ပုဒ်)  စသဖြင့်ကို ရေးသားပေးရပါတယ်။ သင်ဟာ ဒီလို ဆောင်းပါးတွေရေးနိုင်ဖို့အတွက် သင်ရွေးချယ်ရာ အကြောင်းအရာနဲ့ ပတ်သတ်ပြီး ဗဟုသုတရှိဖို့ လိုအပ်မှာဖြစ်ပြီး သေသေချာချာ လေ့လာပြီးရေးသားရမှာ ဖြစ်ပါတယ်။ ဒီဆိုဒ်မှာ သင့်ဆောင်းပါးကို ဖော်ပြဖို့ ရွေးချယ်ခံရရင်တော့ ဆောင်းပါးတစ်ပုဒ်အတွက် သင်ဟာ ဒေါ်လာ ၁၀၀ ရရှိမှာ ဖြစ်ပါတယ်။ ဆောင်းပါးဟာ အင်္ဂလိပ်စာလုံးရေ ၁၅၀၀ ရှိရပါမယ်။

စိတ်ပါဝင်စားပါက – http://listverse.com/write-get-paid/

၂ . ဒီ website ဟာလည်း အပေါ်ကတစ်ခုလိုပါပဲ ဒီမှာကတော့ ရွေးချယ်ခံရတဲ့ ဆောင်းပါးတစ်ပုဒ်အတွက် ဒေါ်လာ ၅၀ ရမှာဖြစ်ပြီး အင်္ဂလိပ်စာလုံးရေ ၁၅၀၀ အနည်းဆုံး ရှိရပါမယ် ။ ဒီ website မှာတော့ ဆောင်းပါးဖော်ပြခံရဖို့ အနည်းငယ်လွယ်ကူပါတယ်။

စိတ်ပါဝင်စားပါက – http://www.toptenz.net/sumit-a-top-ten-list

၃. ယခုဖော်ပြပေးမယ့် website ဟာလည်း အပေါ်က နှစ်ခုလို စာရင်းပြုစုပြီး ဆောင်းပါးပြန်ရေးပေးရတာပါ ။ ဒီ website မှာ ဆောင်းပါးကို ဖော်ပြဖို့ ရွေးချယ်ခံရလျှင် ဒေါ်လာ ၂၀၀ ရရှိမှာ ဖြစ်ပေမယ့် ဒီမှာကတော့ ဆောင်းပါးအနည်းငယ်ကိုသာ သေချာစီစစ်ရွေးချယ်တာမို့ ဖော်ပြခံရဖို့ အခွင့်အရေး နည်းပါတယ် ။ ဒီ website မှာလည်း စာလုံးရေ ကန့်သတ်ချက်က အနည်းဆုံး ၁၅၀၀ ပါပဲ။

စိတ်ပါဝင်စားပါက – http://alistapart.com/about/contribute

၎. International Living ကတော့ ဖော်ပြခံရတဲ့ ဆောင်းပါးအတွက်  ၇၅ ဒေါ်လာ ရရှိနိုင်မယ့် ဆိုဒ်တစ်ခုဖြစ်ပါတယ်။  ဒီwebsite မှာတော့ သင်သွားလာလည်ပတ်ဖူးတဲ့ နေရာအကြောင်းကို ခရီးသွားဆောင်းပါးအနေနဲ့ ရေးသားပေးရမှာပါ ။

စိတ်ပါဝင်စားပါက – http://internationalliving.com/about-il/write-for-il/

၅. Uxbooth မှာဖော်ပြခံရတဲ့ ဆောင်းပါးအတွက် ဒေါ်လာ တစ်ရာ ရရှိမှာ ဖြစ်ပါတယ်။ ပိုက်ဆံအမြန်လိုချင်တာ ဆိုရင်တော့ ဒီ ဆိုဒ်ကို ရှောင်သင့်ပါတယ် ၊ ဘာလို့လည်းဆို ဒီ ဆိုဒ်မှာဖော်ပြဖို့ အချိန် အနည်းဆုံး တစ်လလောက်စောင့်ရတာမို့ပါ ။

စိတ်ပါဝင်စားပါက – http://www.uxbooth.com/contribute/

၆. iwriter ကတော့ စာမူလိုအပ်နေသူတွေနဲ့ စာရေးဆရာကြား ပေါင်းကူးပေးတဲ့ website တစ်ခုဖြစ်ပါတယ် ။ စာမူလိုအပ်သူတွေက ဘယ်လိုအကြောင်းအရာ ၊ ဘယ်လိုခေါင်းစဉ်နဲ့ စာမူတွေကို စာလုံးရေ ဘယ်လောက်နဲ့ ဘယ်လိုပုံစံရေးရမယ်ဆိုတာကို iwriter မှာ ကြေငြာထားပါလိမ့်မယ် ။ သင်က သင်ရေးသားနိုင်မယ်လို့ ယူဆတဲ့အကြောင်းအရာဆို ရေးသားခွင့်ယူပြီး သတ်မှတ်ထားတဲ့ အချိန်အကန့်အသတ်အတွင်း ပြီးအောင်ရေးပေးရမှာပါ ။ သင့်ရေးပေးတဲ့ စာမူရွေးချယ်ခံရရင်တော့ စာမူအပ်သူဆီက စာမူခကိုရမှာဖြစ်ပါတယ်။

စိတ်ဝင်စားပါက – https://www.iwriter.com/signup.php

၇ . ဒီဆိုဒ်ဟာလည်း iwriter လိုပဲ စာမူလိုအပ်နေသူတွေနဲ့  စာရေးဆရာကြား ဆက်သွယ်ပေးတဲ့ website ပါပဲ ။ ဒီဆိုဒ်မှာတော့ သင် အကောင့်စတင်ပြုလုပ်ပြီးတာနဲ့ သင့်ရဲ. အရေးအသားစွမ်းရည်ကို ပြနိုင်ဖို့ စမ်းသပ်စာမူတစ်ပုဒ် ပေးရမှာဖြစ်ပြီး အဆိုပါစာမူကိုကြည့်ပြီး သင့်ရဲ. အရည်အချင်းကို သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ သင်ဒီဆိုဒ်မှာ အလုပ်လုပ်နေရင်း သင့်ရဲ. စာရေးသားစွမ်းရည်ကိုကြည့်ပြီး သင့်ရဲ. အရည်အချင်းသတ်မှတ်ချက် အဆင့်ဟာ မြင့်လာနိုင် နိမ့်သွားနိုင်ပါတယ်။  ဒီဆိုဒ်မှာတော့ ကြယ်ငါးပွင့်အဆင့်ရှိ စာရေးသူတွေဟာ စာလုံးရေတစ်လုံးတိုင်း အတွက် ၅ ဆင့် (5 cent) ရရှိမှာဖြစ်ပါတယ်။

စိတ်ပါဝင်စားပါက – https://intern.textbroker.com/us/author-signup.php

၈. Penny Hoarder ဆိုဒ်မှာ သင်ဟာ ဆောင်းပါးတစ်ပုဒ်အတွက် ဒေါ်လာ ရှစ်ရာထိ ရနိုင်တယ်ဆို အံ့သြသွားမလား ? ဒါပေမယ့် ဒေါ်လာရှစ်ရာ ရနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး ။ ဒီဆိုဒ်ဟာ အခြားwebsite တွေနဲ့ကွာခြားပါတယ် ။ ဆောင်းပါးရေး စာမူခရ ပုံစံမဟုတ်ပဲ ၊ သင့်ဆောင်းပါးကို ဖတ်ရှုသူပမာဏ ပေါ်မူတည်ပြီးမှ စာမူခပေးချေတာပါ ။အနည်းဆုံးပေးချေမှုကတော့ 50,000 page views (လူငါးသောင်းဝင်ရောက်ကြည့်ရှုမှု) အတွက် ဒေါ်လာတစ်ရာ ဖြစ်ပါတယ်။

စိတ်ပါဝင်စားပါက – http://www.thepennyhoarder.com/contributor-guidelines/

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations