သင့်သွေးအမျိုးအစားကို ရွေးချယ်ပေးလိုက်ရုံနဲ့ သင့်အကြောင်း သိရပါလိမ့်မယ်

သင့်သွေးက ပြောတဲ့ သင့်အကြောင်း

  1. You got: calm

    ယေဘူလျအားဖြင့် အေသွေးပိုင်ရှင်တွေဟာ များသောအားဖြင့် အေးဆေးတည်ကြည်ပြီး လေးနက်တဲ့ စိတ်မျိုး ရှိကြပါတယ်။ အေသွေးပိုင်ရှင်တွေဟာ အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် စေ့စေ့စပ်စပ် နဲ့ ယုံကြည်စွာ အလေးအနက်ထားပြီး လုပ်ကိုင်သူတွေ ဖြစ်ပါတယ်။ အေသွေးပိုင်ရှင်တွေဟာ လူတကာက အားကျရတဲ့ လူတွေဖြစ်အောင် ကြိုးစားတက်လေ့ ရှိပါတယ်။ များသောအားဖြင့် သူတို့ရဲ. ခံစားချက်တွေဟာ အခြားသူတွေနဲ့ မတူတာမို့ သီးသန့်ဆန်နေသလို ဖြစ်နေတက်ပါတယ်။ 

  2. You got: Curious

    ဘီသွေးပိုင်ရှင်တွေကတော့ အရာရာကို သိလိုစိတ်ပြင်းပြပြီး စူးစမ်းတက်သူတွေပါ။ ဒါဟာကောင်းတဲ့ အရာဖြစ်ပေမယ့် ဘီသွေးပိုင်ရှင်တွေဟာ ဝါသနာပါတဲ့ အရာရာက ခပ်များများ ဖြစ်နေတက်ပြီး ဒါတွေအကုန်လုံးကိုလည်း လုပ်ချင်စိတ်က ရှိနေပြန်တာမို့ သိပ်တော့ အဆင်မပြေလှပါဘူး ။ ဒါပေမယ့် ဒီထဲကမှ အရေးကြီးဆုံးက ဘာဖြစ်တယ် ဆိုတာကို သိပြီး သေချာလည်း လုပ်ကိုင်တက်သူတွေပါ ။ ဘီသွေးပိုင်ရှင်တွေဟာ သူတို့နှစ်သက်ရာကိုပဲ လုပ်ကိုင်ပြီး မနှစ်သက်တာကို ငြင်းပယ်ဖို့လည်း ဝန်မလေးပါဘူး။

  3. You got: Indulgence

    အိုသွေးပိုင်ရှင်တွေဟာ လူချစ်လူခင်များပါတယ် ၊ လူအများကြား ဘယ်လို သင့်တင့်လျှောက်ပတ်အောင် နေရမှန်းသိပါတယ် ။ အိုသွေးပိုင်ရှင်တွေဟာ စိတ်ရင်းကောင်းပြီး အပေးအကမ်း ၊ အလှူအတန်း ရက်ရောသူတွေပါ ။ သူတို့ရဲ. ငွေကို အခြားသူတွေအတွက် အသုံးပြုဖို့ ဝန်မလေးပါဘူး ။ များသောအားဖြင့် အိုသွေးပိုင်ရှင်တွေဟာ လူတွေကို လွှမ်းမိုးနိုင်ပါတယ်။

  4. You got: Sensitivity

    အေဘီသွေးပိုင်ရှင်တွေကို စိတ်ထိခိုက်လွယ်သူတွေလို့ သတ်မှတ်နိုင်ပါတယ် ၊ သူတို့ဟာ အခြားလူတွေ ဘယ်လိုတွေးမယ် ၊ ငါ့ကို ဘယ်လိုထိခိုက်နိုင်မလည်း ဆိုတာမျိုးကို အမြဲဂရုစိုက် နေထိုင်သူတွေပါ ။ ဒါကြောင့်မို့ သူတို့ဟာ ပေါင်းလို့ကောင်းတယ်လို့ ပြောနိုင်သလို ပေါင်းလို့မကောင်းဘူးလို့လည်း ဆိုနိုင်ပါတယ် ။ တစ်ခါတစ်လေ ဘာမဟုတ်တာလေးကို ပုံကြီးချဲ.နေနိုင်ပါတယ် ။ အေဘီသွေးပိုင်ရှင်တွေမှာ သူငယ်ချင်းတွေ အများကြီး ရှိနေပေမယ့် တစ်ယောက်တည်း နေရတာကိုလည်း သူတို့က နှစ်သက်ကြပြန်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations