အခုလို ဗီဒီယိုတွေဟာ တရုတ်ပြည်မှာ ခေတ်စားလာနေပါတယ်။
တရုတ်နိုင်ငံမှာ အမျိုးသမီးငယ်လေးတွေဟာ ကြည့်မြင်သူတွေ လိင်စိတ်နှိုးကြွလာအောင် ရည်ရွယ်ချက်နဲ့ ငှက်ပျောသီးစားပြတဲ့ ဗီဒီယိုတွေ တင်တာ ခေတ်စားနေတာမို့ တရုတ်အစိုးရက ဒီလို ဗီဒီယိုတွေ မတင်ဖို့ ပိတ်ပင်တားမြစ်လိုက်ပြီ ဖြစ်ပါတယ် ။ 
တရုတ်နိုင်ငံမှာDouyu, Panda.tv, YY, Zhanqi TV, Huya စတဲ့ အွန်လိုင်းရုပ်သံလိုင်းတွေမှာ အခုလို ဗီဒီယိုတွေကို တင်ထားတာမို့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ် ။ ဒီအွန်လိုင်းဗီဒီယို ဝက်ဆိုဒ်တွေမှာ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်နို်င်တဲ့ ဗီဒီယိုတွေလည်း ရှိနေတယ်လို့ ပြောဆိုစွပ်စွဲမှုတွေ ရှိနေပါတယ်။
ဒီလိုဝက်ဆိုဒ်တွေမှာ Live Streaming လွှင့်လို့ရတာမို့ အရင်ကလို ဗီဒီယိုတွေကို မတင်ခင် ဆင်ဆာပြုလုပ်ဖို့ အခက်အခဲတွေလည်း ရှိနေပါတယ် ။ အစိုးရအနေနဲ့ အခုလို Live Streaming နဲ့ ပတ်သတ်ပြီး ဥပဒေတွေ သီးသန့်ထွက်လာဖို့ ရှိနေပြီး ပထမခြေလှမ်းအနေနဲ့ ငှက်ပျောသီးစားတဲ့ ဗီဒီယိုတွေကိုတော့ တားမြစ်လိုက်ပါပြီ။
Source : CNN
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations