သင် သူမကို တကယ်ချစ်မချစ် ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်လိုက်ပါ

ရည်းစားဟောင်းကို မေ့လိုက်နိုင်ပြီ

ရည်းစားဟောင်းကို မေ့လိုက်နိုင်ပြီ


သင်ဟာ ရည်းစားဟောင်းတွေကို အကြောင်းတိုက်ဆိုင်မှု ရှိတိုင်း သတိရကောင်း သတိရနေပါလိမ့်မယ် ၊ ဒါပေမယ့် သူမကို တွေ့ပြီးနောက်ပိုင်း ရည်းစားဟောင်းတွေကို မေ့သွားပြီး အချိန်တိုင်း သူမအကြောင်းပဲ တွေးနေမိတယ် ၊ သူမအတွက်ပဲ စဉ်းစားနေမိတယ် ဆိုရင်တော့ .....

သူမအကြောင်း မစဉ်းစားရရင် မနေနိုင်ဘူး


အမြဲတမ်း သူမအကြောင်းပဲ ခေါင်းထဲရောက်နေတယ် ၊ ဘာလေးစားစား သူမနဲ့သာ အတူတူစားရရင် ၊ ဘယ်လေးသွားသွား သူမနဲ့သာ အတူတူသွားရရင် ဆိုတာမျိုးတွေ ဖြစ်နေခဲ့ရင် ၊ သူမအပေါ် သင့်စွဲလန်းမှုက တကယ့်ကို အလွန်အကျွံပါပဲ ။ ရောဂါတကယ်ရင့်နေပါပြီ။

သူမအပေါ် ဂရုစိုက်ပေးမယ်


သင်က သူမကို တကယ်ချစ်တဲ့အတွက် သူမအပေါ် လူရော စိတ်ပါ ဂရုစိုက်မိတက်ပါတယ် ၊ သူမ စိတ်ထဲဝမ်းနည်းနေသလား သတိထားကြည့်မယ် ၊ ဝမ်းနည်းနေရင် နှစ်သိမ့်ပေးမယ် ၊ ပျော်ရွှင်အောင်ထားမယ် ။ အရာရာကို သူမနဲ့ မျှဝေဖို့ ကြိုးစားမယ်။

သူမရဲ. အမူအယာတွေကို သင်စွဲလန်းနေမယ်


သူမ ပြုမူသမျှ နဲ့ သူမ ပြောသမျှဟာ အခြားသူနဲ့ မတူပဲ သင်က နှစ်သက်နေမယ် ဆိုရင်တော့ သင်တကယ်ချစ်လို့ပါ ၊ သူမပြောသမျှ လုပ်သမျှကို လက်ညှိုးထိုး အပြစ်မတင်ရက်ဘူး ဆိုရင်တော့ သင့်အချစ်က ခိုင်သထက် ခိုင်နေတာပါပဲ။

သင်နဲ့ သူမ အရာရာ တူနေမယ်


သင်မချစ်တဲ့ လူတစ်ယောက်ယောက်နဲ့ စိတ်သဘောထားချင်း တိုက်ဆိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ သင်တိုပနှစ်ယောက်က တစ်ခုခုကို ပြုလုပ်ဖို့ အတူတူ တွေးမိတာမျိုးဆိုရင် သင်တို့အတွက် ကောင်းမွန်တဲ့ အမှတ်လက္ခဏာပါပဲ ။  စိတ်တူကိုယ်တူဆိုတာ ဘာပဲပြောပြော ကောင်းပါတယ်။

အခြားမိန်းကလေးတွေကို သတိမထားမိတက်ဘူး


အခန်းတစ်ခန်းထဲမှာ သူမနဲ့ အခြားမိန်းကလေးတွေ ရှိနေရင်တောင် သင်က သူမကိုပဲ သတိထားမိမယ် အခြားမိန်းကလေးတွေကို မမြင်နိုင်လောက်အောင် ဖြစ်နေပြီဆိုရင်တော့....

သူမနဲ့ အချိန်တွေ ကုန်ဆုံးရတာကို နှစ်သက်တယ်


ဒါကတော့ ချစ်သူတော်တော်များများရဲ. စိတ်ထားပါပဲ ၊ သူမနဲ့ ရှိနေရင် ပိုပျော်တယ် ၊ အမြဲတမ်း အတူတူနေချင်တယ်။

သူမအပေါ် အလျှော့ပေး ဆက်ဆံတက်တယ်


သင့်အနေနဲ့ သူမအပေါ် အလေးထားပြီး စိတ်ချမ်းသာစေလိုတာမို့ သင်မနှစ်သက်တာကို သူမက ပြောဆိုလုပ်ကိုင် လာစေရင်တောင် အလျှော့ပေးတက်ပါတယ် ၊ သင်တို့နှစ်ယောက် အငြင်းအခုန်ဖြစ်ရင်လည်း သင်က လွယ်လွယ်နဲ့ သူမကို လိုက်လျှောပေးလိုက်မိတက်တာမျိုးပေါ့

အရာရာထက် ပိုပြီး သူမကို ဦးစားပေးတယ်


သင်က သူငယ်ချင်းနဲ့ သူမဆို သူမကို ရွေးချယ်တာ ၊ ဘောလုံးပွဲကြည့်ဖို့ ထက် သူမနဲ့ တွေ့ဖို့ က ပိုအရေးပါနေတာ စသဖြင့်ပေါ့

အနာဂတ် အကြောင်း စပြီးစဉ်းစားလာပြီ


သင်ဟာ တေတေပေပေ နေခဲ့ဖူးကောင်း နေခဲ့ပါလိမ့်မယ် ၊ သူမကို တွေ့ပြီးနောက်မှာတော့ ဘဝမှာ ဘာကိုတော့ မဖြစ်ဖြစ်အောင် လုပ်မယ် ဘယ်လိုကြိုးစားမယ် ၊ စသဖြင့်တွေ စဉ်းစားတွေးတော တက်လာပြီဆိုရင်တော့ သူမကို သင်တကယ်ချစ်နေလို့ပါ

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations