ဘာကြောင့်လဲ ၊ ဘယ်သူတွေက သတ်ချင်နေတာလည်း

သူမဟာ လက်ဘနွန်နွယ်ဖွား အမေရိကန် အပြာမင်းသမီးတစ်ဦးဖြစ်ပြီး နာမည်ကြီး အပြာဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ Pornhub ရဲ. တန်းစီဇယား ထိပ်ဆုံးမှာ လူကြည့်အများဆုံး အဖြစ် နေရာရရှိခဲ့ပြီး နောက်ပိုင်းမှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့လာရတာပါ။

သူမကတော့ Mia Khalifa ဖြစ်ပြီး လက်ဘနွန်နိုင်ငံကနေ အမေရိကန်ကို ၁၀ နှစ်သမီးတည်းက ရောက်ရှိနေထိုင်ခဲ့တာပါ ။ သူမဟာ အပြာဇာတ်ကား ရိုက်ကူးရေးလောကထဲကို ဝင်ရောက်လာတာ မကြာသေးပေမယ့် အချိန်တိုအတွင်း အောင်မြင်မှု ရရှိလာသူပါ။

ဒီ့အတွက်လည်း သူမရဲ. မွေးရပ်မြေတည်ရှိရာ အရှေ.အလယ်အပိုင်းက လူတွေက သူမကို အရှေ.အလယ်ပိုင်းအတွက် အရှက်ရဖွယ်ရာလို့ သတ်မှတ်လာကြပါတယ် ။ သူမဟာ ပိုဆိုးတာက အပြာဇာတ်ကားတွေထဲမှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတွေ ခြုံတဲ့ ပဝါကို အသုံးပြုတာကြောင့် ပြစ်တင်ဝေဖန်မှုတွေ ခံနေရပါတယ်။ 

သူမကို မနှစ်သက်တဲ့ အင်တာနက် အသုံးပြုသူတစ်ဦးက IS က သူမကို သတ်ဟန်ကို ဖန်တီးပြီး သူမဆီ ချိန်းခြောက်ပေးပို့ခဲ့ပါသေးတယ်။ သူမက အင်တာဗျူးတစ်ခုမှာ သူမနိုင်ငံက လူတွေဟာ သူမအပြာကားမှာ ပါဝင်သရုပ်ဆောင်လို့ ရှက်တယ်လို့ ဆိုကြကြောင်း ၊ သူမရဲ. မိဘနှစ်ပါးကလည်း သူမ ဒီအလုပ်လုပ်ပြီးကတည်းက စကားမပြောတော့ကြောင်းနဲ့ ဒီအတွက် သူမ စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ သူမဘဝမှာ အခြားရွေးချယ်စရာ မရှိလို့ ဒီအလုပ်ကို လုပ်လိုက်ရတာပါလို့လည်း ဆိုထားပါတယ်။

Source : Metro

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations