အခုဆောင်းပါးမှာတော့ အမျိုးသမီးတိုင်းအတွက် ရင်သားတင်းရင်းမှုရှိစေဖို့ လမ်းညွှန်ချက်တွေကို ဆွေးနွေးပေးထားပါတယ်။

သင်ဟာ သင့်ရဲ.ရင်သားတင်ရင်းစေလိုတဲ့အတွက် နည်းလမ်းကောင်းတွေ ရှာဖွေနေသူတစ်ယောက်ဆိုရင်တော့ ဒီ လမ်းညွှန်ချက် ၁၁ ချက်ဟာ သင့်အတွက် အသုံးဝင်မှာပါ ။ အမျိုးသမီးကြီးငယ်မဆိုဟာ လှပတဲ့ရင်သားကို ပိုင်ဆိုင်လိုတက်ကြပြီး တစ်ဘဝလုံးလည်း ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ကြမှာပါ။ သို့သော်လည်း သားသည်မိခင်မှ ခလေးငယ်အား နို့ချိုတိုက်ကျွေးခြင်း ၊ ပိန်ဆေးများသောက်သုံး၍ဖြစ်စေ လေ့ကျင့်ခန်းပြုလုပ်၍ဖြစ်စေ ဝသောခန္တာကိုယ်မှ ပိန်သွားသောအခါ နှင့် အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ အမျိုးသမီးတို့ရဲ. ရင်သားဟာ တင်းရင်းမှုမရှိတော့ပဲ လှပမှုပျောက်ဆုံးသွားတက်ကြပါတယ်။ အခုဆောင်းပါးမှာတော့ အမျိုးသမီးတိုင်းအတွက် ရင်သားတင်းရင်းမှုရှိစေဖို့ လမ်းညွှန်ချက်တွေကို ဆွေးနွေးပေးထားပါတယ်။

မှန်ကန်သော အိပ်စက်ခြင်း

အမျိုးသမီးတွေအနေနဲ့ မှောက်​အိပ်​တဲ့အခါ​ ရင်​သား​​လေးတာမျိုးဖြစ်​တတ်​သလိုတချို့မိန်းက​လေး​တွေဟာ ရင်​တုန်​တာမျိုး ဖြစ်​တတ်​ကြပါတယ်​။ဒါ​ကြောင့်​ ရင်​သားတင်းတင်းရင်းရင်​​လေးရှိချင်​ရင်​ ပက်​လက်​လှန်​အိပ်​သင့်ပါတယ်။

Egg Mask

ကြက်ဥ နှင့် ကြိတ်ထားသော သခွားသီးကို ဒိန်ချဉ် စားပွဲတင်ဇွန်း လေး ငါးဇွန်း ဖြင့်ရောစပ်ပြီး ရင်သားပေါ်တွင် ၁၅ မိနစ်မှ မိနစ် ၂၀ ထိ လိမ်းပေးပါ ။ လိမ်းထားစဉ် အသာအယာပွတ်သပ်နှိပ်နယ်ပေးပြီး(light massage) မပူမအေး ခပ်နွေးနွေးရေဖြင့် ဆေးကြောပေးပါ။

တင်းကျပ်လွန်းသော bra ကို ဝတ်ဆင်ခြင်း ရှောင်ကြည်ပါ

အချို.သော အမျိုးသမီးတွေဟာ မိမိတို့ရဲ. ရှိရင်းစွဲရင်သားကို ဖုံးကွယ်ထားလိုတာကြောင့် တင်းကျင်လွန်းသော Bra တွေကို ဝတ်ဆင်တက်ကြလေ့ရှိပါတယ် ။ ဒီလိုအခြေအနေမှာ ရင်သားကြွက်သားတွေကို ဖျစ်ညှစ်ထားလိုက်သလိုဖြစ်တာကြောင့် အန္တရယ်ရှိပါတယ် ။ ဒါကြောင့်မို့ သင်နဲ့သင့်လျှော်ပြီး သက်သောင့်သက်သာရှိစေတဲ့ Bra မျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ် ။

နာနတ်သီးအနှစ်

နာနတ်သီးအနှစ်ကို ပျော့တွဲနေတဲ့ ရင်သားအား လိမ်းကျံပေးပြီး Bra ကို ဝတ်ဆင်၍ အိပ်စက်ပါ ။ မနက်လင်းသောအခါ လိမ်းကျံထားသည်ကို မပူလွန်းမအေးလွန်းသော ရေဖြင့်ဆေးကြောပြီး စပျစ်သီးအစေ့ဆီဖြင့် ငါးမိနစ်ခန့် နှိပ်နယ်ပေးပါ ၊ တင်းရင်းဖောင်းကြွလှပတဲ့ ရင်သားကို မကြာခင်ပိုင်ဆိုင်လာနိုင်မှာပါ။

ဝါဆီသုံးခြင်း

ကြေမွအောင်ထုထောင်းထားတဲ့ ဝါစေ့ ၅၀ ဂရမ်ကို နွားနို့ နှစ်ခွက်ဖြင့် ရောပြီး ကျိုချက်ပါ။ တဖြည်းဖြည်း အငွေ့ပျံစေပြီး ဖန်ခွက်ရဲ. တစ်ဝက်လောက်ရောက်ရင် ကျိုချက်ခြင်းပြီးဆုံးပြီး လက်ဖက်ရည်သောက်သကဲ့သို့ သောက်သုံးနိုင်ပါတယ်။ တစ်လခန့်သောက်သုံးပြီးတဲ့အခါမှာ သင့်ခန္တာကိုယ်အထက်ပိုင်းရဲ. ပြောင်းလဲသွားမှုကို သတိထားမိမှာပါ။ ဝါဆီကိုအသုံးပြုပြီး သင့်ရဲ. ရင်သားကို နှိပ်နယ်ပေးခြင်းဖြင့်လည်း သင့်ရဲ. ရင်သားတင်းရင်းလှပလာစေမှာဖြစ်ပြီး ထူးခြားမှုကိုတော့ တစ်လကနေနှစ်လအတွင်း ခံစားရမှာဖြစ်ပါတယ်။

ပန်းသီး

ပန်းသီး ၂ လုံး နှင့် Milk Cream စားပွဲတင်ဇွန်း ၄ ဇွန်းကနေ ၅ ဇွန်းအထိကို ရောပြီးအနှစ်ပြုလုပ်ပေးပါ။ ပြီးတဲ့အခါမှာ ရလာတဲ့အနှစ်ကို ရင်သားပေါ်မှာ ၁၅ မိနစ်မှ မိနစ်၂၀ ထိ ပွတ်သပ်လိမ်းကျံပေးပြီး တစ်နာရီခန့် ထားထားပေးပါ ။ တစ်နာရီခန့်ကြာပြီးတဲ့အခါမှာ မပူမအေး ခပ်နွေးနွေးရေဖြင့် သန့်စင်ပေးပါ ။ ဒီနည်းဟာ အလွယ်ကူဆုံးသော တင်းရင်းသောရင်သား ရရှိနိုင်ဖို့ နည်းလမ်းကောင်းဖြစ်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်း

လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဟာ ရင်သားတင်းရင်းလှပစေဖို့ အထောက်အကူဖြစ်စေပါတယ် ။ နေ့စဉ်လမ်းလျှောက်ခြင်း ၊  postpartum yoga ကျင့်ခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။

စမုန်စပါးစေ့

၎င်းက ရင်သား​ တစ်​သျှူးဆဲလ်​ နှင့်​ ဂလင်း များအား ​ခိုင်​မာ​စေသည်​ ။ ​နေ့စဉ်​ စားပွဲတင်​ဇွန်း ၂ ဇွန်းမှ သုံးဇွန်းထိ သုံးနိုင်​သည်​ ။ ​ရေ​နွေးထဲ စမုံစပါး​စေ့များ ထည့်​ပြုတ်​၍ လည်း​ကောင်း ပုံမှန်​အသုံးပြု နိုင်​သည်။  estrogens များပါဝင်​မှု​ကြောင့်​ လျှော့တွဲကျနေပြီးဖြစ်သော ရင်သားအား ပြန်လည် တင်းရင်းလှပ​စေနိုင်​ပါသည်​ ။

ရေသောက်ခြင်း

ရေဟာခန္တာကိုယ်အတွက်မရှိမဖြစ် အသက်ရှည်ဆေးပါပဲ။ ရေဓာတ်ဟာ သင့်အသားအရေကို နူးညံအောင်ပြုလုပ်ပေးနိုင်ပါတယ်။ ရေဟာ မလိုအပ်တဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ဖို့ ကူညီပေးပါတယ်။

လိုးရှင်းများအသုံးပြု၍ နှိပ်နယ်ခြင်း

ဗီတာမင် စီ ၊ အီး ၊ အေ နဲ့ ကေ တို့ပါဝင်တဲ့ Lotions Creams တွေကို ဈေးကွက်အတွင်းမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။ ရင်သားအတွက်အသုံးပြုရတဲ့ Lotions ကို ပွတ်သက်လိမ်းကာ အသုံးပြုပေးခြင်းဖြင့် သွေးလည်ပတ်မှုကိုပြန်လည်ကောင်းမွန်စေပြီး တစ်နေ့နှစ်ကြိမ်ခန့် အသုံးပြုသင့်ပါတယ်။

 

Ref: styles at life

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations