တရုတ်ပြည်ဟာ ကမ္ဘာမှာ ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို အဆိုးရွားဆုံး ကြုံတွေ့နေရတဲ့ နိုင်ငံတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ အခုတော့ ဒီပြသာနာကို သူတို့ဖြေရှင်းနိုင်ဖို့ နည်းလမ်းတစ်ခုကို ကြံဆလိုက်ပါပြီ။
Transit Elevated Bus(TEB) တွေကို အဆင့်မြင့်နည်းပညာနဲ့ တီထွင်ထုတ်လုပ်ထားပြီး ၊ ဒီဘက်စ်ကားဟာ အောက်ခြေမှာ အိမ်စီးကားတွေ အလွယ်တကူ ဖြတ်သွားနိုင်မှာဖြစ်ပြီး ၊ အပေါ်ဖက်မှာ ခရီးသည်တွေကို တင်ဆောင်သွားမှာ ဖြစ်ပြီး ၊ လူသောင်းနှစ်ထောင်ထိ သယ်ယူနိုင်မယ်လို့ ဆိုပါတယ်။
ဒီကားဟာ မြေအောက်ရထားတွေလို စွမ်းဆောင်ပေးနိုင်ပြီး ကုန်ကျစရိတ်ကတော့ မြေအောက်ရထားတွေထက် ငါးဆလောက် သက်သာပါတယ်။ ဒီကားရဲ. လုပ်ဆောင်နိုင်မှုကို CCTV မှာ ဖော်ပြထားတာကို လေ့လာကြည့်လိုက်ပါဦး
Source : Shanghaiist
Facebook Conversations