ဆယ်စုနှစ်အနည်းငယ်ကြာအပြီး ကမ္ဘာကြီးမှာ လူသားလိင်လုပ်သားတွေအစား စက်ရုပ်လိင်လုပ်သားတွေ တိုးပွားလာနိုင်ပြီး ၂၀၅၀ ခုနှစ်ကျရင်တော့ စက်ရုပ်လိင်လုပ်သားတွေ သီးသန့်နဲ့ ဖွင့်လှစ်မယ့် ဆောင်ကြာမြိုင်တွေ ပေါ်ပေါက်လာနိုင်တယ်လို့ သုတေသီတွေက “Robots, Men and Sex Tourism.” အမည်ရှိ စာတမ်းမှာ ဆိုထားပါတယ်။
ပညာရှင်တွေရဲ. အဆိုအရ နည်းပညာတိုးတက်လာနဲ့အမျှ လူသားနဲ့ တူလွန်းတဲ့ စက်ရုပ်တွေကို ထုတ်လုပ်လာနိုင်မှာ ဖြစ်ပြီး ၊ ဒီစက်ရုပ်တွေဟာ လူသားတွေကို လိင်ဝန်ဆောင်မှုတွေပါ ပေးနိုင်တော့မှာပါ ။ အနာဂတ်မှာ စက်ရုပ်နဲ့ ဝန်ဆောင်မှုပေးတဲ့ ကလပ်တွေ ၊ ပြည့်တန်ဆာအိမ်တွေ ပေးထွက်လာနိုင်ပြီး နှိပ်နယ်ပေးခြင်း ၊ တိုင်ဖက်အကနဲ့ အခြားသော ဝန်ဆောင်မှုတွေပါ ရရှိနိုင်ပါလိမ့်မယ်လို့ ဆိုပါတယ်။
ဒီလိုတွေသာ ဖြစ်လာခဲ့ရင် လူသားတွေအနေနဲ့ လိင်ကနေကူးစက်တက်တဲ့ ရောဂါတွေဖြစ်တဲ့ HIV လို ပြသာနာတွေကို ရှောင်ရှားလာနိုင်ပါလိမ့်မယ်တဲ့။
Facebook Conversations