နည်းပညာခေတ်ကြီးထဲမှာ အိမ်ကနေ ထိုင်ရာမထ ဘီယာသောက်လို့ရနေပါပြီ ။ Sodastream က ထုတ်လုပ်လိုက်တဲ့ Beer Bar Kit ဆိုတဲ့ စက်ဟာ သင့်အိမ်က ရိုးရိုးရေကို ဘီယာအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်တဲ့။
ဒီစက်ကလေးနဲ့အတူ ဘီယာထုတ်ပေးနိုင်မယ့် အမှုန့်ပါမှာဖြစ်ပြီး ၊ အဆိုပါအမှုန့်နဲ့ ရေကို စက်ထဲမှာရောပြီး ဘီယာအဖြစ် စက္ကန့်ပိုင်းအတွင်း ပြောင်းလဲပေးမှာပါ ။ Alcolol ကတော့4.5% ပါဝင်မှာ ဖြစ်ပြီး ၊ ဘီယာရဲ. အရသာ အပြည့်အဝ ရရှိစေမှာပါ
ကုန်ကျစားရိတ်အနေနဲ့ကတော့ မြန်မာငွေ သုံးထောင်ကျပ်လောက်ဆိုရင် ဘီယာ ၃ လီတာလောက် ရနိုင်ပြီး ၊ လက်၇ှိမှာတော့ ဂျာမဏီနဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာပဲ ဝယ်လို့ရပါသေးတယ် ၊ ဒီနှစ်ကုန်လောက်ဆိုရင်တော့ တစ်ကမ္ဘာလုံးကို ဖြန့်ချီသွားတော့မှာပါ။
Facebook Conversations