နိုင်ငံတကာ ဘဏ်တစ်ခုက ပယ်ဖျက်လိုက်တာပါ ။

Goldman Sachs အမည်ရှိ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု ဘဏ်လုပ်ငန်းတစ်ခုဟာ ဂျပန်နိုင်ငံက ရုံးခွဲမှာ လုပ်ကိုင်မယ့် သူမကို ကျောင်းသူဘဝက အပြာဇာတ်ကားတွေမှာ မင်းသမီးအဖြစ် ပါဝင်ဖူးတာကို သိရှိသွားပြီး အလုပ်ကမ်းလှမ်းထားမှုကို ပယ်ဖျက်လိုက်တာပါ ။

သူမအမည်ကတော့ Shizuka Minamoto ဖြစ်ပြီး ကျောင်းသူဘဝတုန်းက အပြာဇတ်ကားအချို.မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ် ။သူမဘွဲ့ရပြီးချိန်မှာ သူမရဲ. အိပ်မက်ဖြစ်တဲ့ ဘဏ်လုပ်ငန်းမှာ အလုပ်ရနိုင်ဖို့ဆိုတဲ့အတိုင်း ဒီဘဏ်မှာ အလုပ်ကမ်းလှမ်းခဲ့ရပြီးမှ သူမက အပြာမင်းသမီးဆိုတာ သိသွားပြီး ကမ်းလှမ်းထားချက်ကို ပြန်ပြီး ပယ်ဖျက်သွားတာပါ။

သူမဟာ အခုလို ဖြစ်ပွားသွားတာမို့ အလုပ်ထပ်မံရရှိဖို့ အခွင့်အလမ်း မရှိတော့မှာကို စိုးရိမ်နေပြီး ၊ ဘဏ်ဖက်ကတော့ ဒီကိစ္စနဲ့ ပတ်သတ်လို့ တစ်စုံတစ်ရာ မှတ်ချက်ပေးလိုခြင်း မရှိဘူးလို့ ဆိုပါတယ်။ 

Source : Daily mail

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations