1. သဝန်တိုလွန်းခြင်း
သဝန်တိုတာဟာ ချစ်ဖို့ကောင်းတဲ့ အပြုအမူတစ်ခုပါ ၊ ဒါပေမယ့်လည်း သင်က အလွန်အကျွံကြီး အရာရာ လိုက်ပြီး သဝန်တိုနေမယ်ဆိုရင်တော့ လွန်သွားပါပြီ ၊ မပြုမူသင်ပါဘူး။
2. မလေးမစား ပြုမူခြင်း
လူသားတိုင်းဟာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လေးစားမှု ရှိရမှာ ဖြစ်ပါတယ် ၊ ဒါကို သင်ကနားမလည်ပဲ မိန်းကလေးကို လေးစားမှု မရှိဘူးဆိုရင်တော့ သူမက သင့်ကို ဘယ်လိုမှ ရေရှည်မှာ လက်တွဲချင်စိတ် ရှိမှာ မဟုတ်ပါဘူး ။ စကားအသုံးအနှုံန်း အပြုအမူတွေက သူမကို လေးစားမှု ရှိမရှိ သင့်ကိုယ်သင် ဆန်းစစ်ပါ ။ ငါဟဲ့ ဆိုပြီး ငါ တကော မကောဖို့ လိုပါတယ်။
3. ဂရုမစိုက်ခြင်း
မိန်းကလေးတွေဟာ ဂရုစိုက်တာကို ခံချင်တက်သူတွေပါ ၊ သင်က သူ့ကို ဂရုမစိုက်သလို လုပ်နေမယ်ဆိုရင်တော့ သင်တို့ ဝေးရပါလိမ့်မယ်။
4. ကြိုတင်ပြင်ဆင်မှု
ယောင်္ကျားလေးတွေဟာ ဖြစ်သလိုနေထိုင် ပြောဆိုတက်လေ့ ရှိကြပါတယ် ၊ ဒါကို မိန်းကလေးတွေက မနှစ်သက်ပါဘူး ၊ အထူးသဖြင့် သူမနဲ့ ပတ်သတ်တဲ့အရာတွေမှာ ဖြစ်သလိုနေပြီး ကြိုတင်ပြင်ဆင်မှု မရှိတဲ့ အနေအထားဆိုရင်ရေရှည်မှာ သူမက စိတ်ပျက်သွားပါလိမ့်မယ်။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း မိန်းကလေးရဲ. စိတ်အနေအထားအရ သင့်ကို အနည်းနဲ့အများ အားကိုးလိုစိတ်ရှိပါတယ် ။ သင့်ဖက်က ပေါ့တီးပေါ့ပျက်ဆိုရင်တော့.
5. အပျင်းကြီးခြင်း
ယောင်္ကျားလေးတွေက အလုပ်လုပ်ရာမှာ အေးရာအေးကြောင်း လုပ်တက်ကြပါတယ် ၊ ဒါက ပြသာနာမရှိပေမယ့် အပျင်းကြီးတာကတော့ ပြသာနာတစ်ခုပါ ၊ အထူးသဖြင့် သူမနဲ့ ပတ်သတ်တဲ့ ကိစ္စတွေမှာ အပျင်းကြီးနေလို့တော့ မဖြစ်ချေဘူးလေ
6. ချုပ်ချယ်ခြင်း
ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ ၊ အမြဲတမ်းလိုလို လိုက်ပြီးတားမြစ်နေမယ် ဆိုရင်တော့ သူမသင့်ကို မပြောရင်တောင် သူမစိတ်ဟာ ပျော်မှာ မဟုတ်ပါဘူး။
7. တစ်ကိုယ်ကောင်းဆန်မှု
ကိုယ့်အတွက်ပဲ စဉ်းစားပြီး သူများဘာဖြစ်ဖြစ် ဆိုတဲ့ လူကို လူတိုင်း စိတ်ပျက်ရပါတယ် ၊ သင့်ချစ်သူအပေါ်မှာတောင် သင်က တစ်ကိုယ်ကောင်း စိတ်ထားမယ်ဆိုရင်တော့ သင်ဟာ တော်တော်ဆိုးတဲ့လူပါပဲ။
8. ဖောက်ပြန်ခြင်း
ယောင်္ကျားလေးတိုင်းဟာ စော်ကြည်ဘဲ ဖြစ်ချင်ပါတယ် ၊ အနည်းနဲ့ အများ အီစီကလီ ရိုက်ချင်စိတ်ရှိပါတယ် ။ ဒါကို သင့်မဒီလေးသိသွားရင်တော့ သင့်ကိုစိတ်ပျက်မှာပါ။
Facebook Conversations