အဆန်းကြီး ၊ ဘယ်လိုပါလိမ့်

ကိုယ်ချစ်တဲ့ သူ တစ်ဦးဦး သေဆုံးသွားခဲ့ရင် သေဆုံးသွားသူနဲ့ စကားပြောနိုင်အောင် ပြုလုပ်နိုင်တော့မယ်လို့ နာမည်ကျော် သိပ္ပံပညာရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ မစ်ချီအို ကာကူက ဆိုပါတယ်။ ဒါပေမယ့် သေပြီးသူက ပြန်လည် ရှင်သန်လာတာမျိုးတော့ မဟုတ်ပါဘူး။

လူတစ်ယောက်ရဲ. ပုံစံတွေနဲ့ မှတ်ဥာဏ်ကို ကွန်ပျူတာမှာ သိမ်းဆည်းပြီး ပုံရိပ်ယောင်ဖန်တီးကာ ရှင်သန်အောင်ပြုလုပ်မှာမျိုးပါ ။ဒီလိုဖန်တီးရာမှာ အလင်းပုံရိပ်ကို ဖန်တီးပြီး တကယ်တွေ့မြင်နေရသလို ခံစားရစေမှာလို့ ဆိုပါတယ်။

လူတစ်ယောက်ရဲ. ကိုယ်ရည်ကိုယ်သွေး ၊ မှတ်ဥာဏ်စတဲ့ အချက်အလက်တွေကို ကွန်ပျူတာထဲ ထည့်သွင်းပြီး ပုံရိပ်ယောင် အဖြစ် ဖန်တီးကာ အသက်ရှင်နေစဉ်ကလို ပြောနိုင်မယ်ဆိုရင် လူတွေအတွက် သေဆုံးသွားသူနဲ့ စကားပြောခွင့် ရသလိုပဲ ဖြစ်ပါတယ်လို့ ဒေါက်တာမစ်ချီအိုကာကူက ဆိုပါတယ် ။

သူဟာ အောက်စဖို့ဒ် ၊ ဟားဗတ်နဲ့ ဘာကလေ တက္ကသိုလ်တို့မှာ တက်ရောက်ခဲ့ဖူးပြီး သီအိုရီရူပဗေဒဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်ကာ နာမည်ကျော် စာအုပ်ပေါင်းများစွာေ၇းသားခဲ့ပါတယ်။

Source : Daily Mail

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations