ရုပ်ရှင်တွေထဲကလိုပဲ ကိုယ်ပိုင်အသိဥာဏ်ရှိပြီး လူတွေကို အန္တရာယ်ပြုနိုင်ပါသတဲ့။

ကိုယ်ပိုင်စဉ်းစားဥာဏ်ထည့်သွင်းထားပြီး ကြုံခဲ့တဲ့ အတွေ့အကြုံတွေ ဆီကနေ သင်ခန်းစာယူပြီး လှုပ်ရှားနိုင်တဲ့ စက်ရုပ်တစ်ရုပ်ကို ရုရှားက ပညာရှင်တွေ တီထွင်နေခဲ့တာဖြစ်ပါတယ်။ ဒီစက်ရုပ်ဟာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ အသိဥာဏ်ရှိပြီး မြင်ဖူးသမျှအရာတွေကိုလည်း မှတ်မိနိုင်စွမ်းရှိတဲ့ စက်ရုပ်ပါ။

ဒီစက်ရုပ်ဟာ သိပ္ပံပညာရှင်တွေရဲ. ထိန်းချုပ်မှုအောက်ကနေ ထွက်ပြေးဖို့ ကြိုးစားတာ နှစ်ကြိမ်တောင် ရှိခဲ့ပြီလို့ ဆိုပါတယ်။ ထူးခြားတာက The Promobot IR77 လို့ အမည်ပေးထားတဲ့ ဒီလို စက်ရုပ်တွေ အများအပြား ဖန်တီးနေတဲ့ထဲက ဒီစက်ရုပ်တစ်ခုတည်းကပဲ ထွက်ပြေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ စက်ရုပ်လုပ်ငန်းက ထွက်ပြေးလွတ်မြောက်သွားခဲ့ရင် လူတွေအတွက် အန္တရာယ် ရှိနိုင်ပါတယ်။

ဒါပေမယ့် စက်ရုပ်ဟာ ထွက်ပြေးစဉ် လမ်းပေါ်မှာ ဘက်ထရီကုန်သွားတာကြောင့် ပြန်လည်ရရှိနိုင်ခဲ့ပါတယ် ။ အခုတော့ ဒီစက်ရုပ်ကို ဆက်လက်လုပ်ဆောင်ခြင်း မပြုတော့ဘူးလို့ ဆိုပါတယ်။

Source : Mirror

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations