San Francisco Pride လိင်တူချစ်သူများ ခွဲခြားဆက်ဆံခံရမှု မရှိစေရေး လှုပ်ရှားမှု ပြုလုပ်နေစဉ်ကာလမှာပဲ Uber တက္ကစီကုမ္ပဏီရဲ. အငှားယာဉ်တစ်စီးကို ဂေးစုံတွဲတစ်တွဲ ငှားစီးမိစဉ်မှာ အခုလို မောင်းချခံရမှု ဖြစ်ပွားခဲ့တာပါ
သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ကားပေါ်မှာ နမ်းရှုံမှု ပြုလုပ်နေတာကြောင့် တက္ကစီမောင်းသမားက အော်ဟစ်ပြီး မောင်းချခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကို ရွံစရာကောင်းသူတွေလို့ တက္ကစီသမားက ပြောခဲ့ကြောင်း ဆိုပါတယ်။
လက်ရှိမှာတော့ ဒီကားမောင်းသမားကို တက္ကစီကုမ္ပဏီထံ တိုင်ကြားထားပါတယ် ၊ ဒါပေမယ့်လည်း တက္ကစီကုမ္ပဏီဖက်ကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မှတ်ချက်တစ်စုံတစ်ရာ ပေးခြင်းမရှိသေးပါဘူး။
Source : Metro
Facebook Conversations