မတရားမှုလို့ပဲ မြင်မိပါတယ်

လေဒီဂါဂါတစ်ယောက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အသက် ၈၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ တိဘက်ဘုန်းတော်ကြိး ဒလိုင်းလားမားနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ် ။ သူမအတွက် မိတ်ဆွေတစ်ဦး တိုးတယ်လို့ ဆိုရပေမယ့် တရုတ်ခေါင်းဆောင်တွေကတော့ သူမကို ဒေါသတကြီးတုံ့ပြန်လိုက်တာပါ။

ဒီ ဒလိုင်းလားမားနဲ့ တွေ့ဆုံမှုမှာ ကိုယ့်ကိုကိုယ် သတ်သေမှု ၊ ယောဂနဲ့ တရားထိုင်တဲ့အကြောင်းတွေကို လေဒီဂါဂါက မေးမြန်းခဲ့ပြီး ဘုန်းတော်ကြီး ဒလိုင်းလာမားက ပြန်လည်ဖြေကြားပေးခဲ့တာပါ ။ ဒီတွေ့ဆုံမှုဟာ မိနစ် ၂၀ ခန့်ကြာပြီး ဖေ့စ်ဘုခ်မှာ တင်ပေးခဲ့ပါတယ် ၊ ကြည့်ရှုသူလည်း သုံးသန်းကျော်တောင် ရှိခဲ့တာပါ။

တရုတ်နိုင်ငံကတော့ ဒလိုင်းလားမားကို တိဘက်ခွဲထွက်ရေးသမားတစ်ဦးလို့ သတ်မှတ်ထားတာမို့ ၊ ဒလိုင်းလားမားနဲ့ တွေ့ဆုံတဲ့ အနုပညာရှင်တွေ ၊ ထင်ရှားကျော်ကြားသူတွေကို တရုတ်ပြည်မှာ ပိတ်ပင်လေ့ ရှိပါတယ် ။ အခုလည်း ဒလိုင်းလားမားနဲ့ တွေ့ဆုံခဲ့တဲ့ လေဒီဂါဂါအကြောင်း စာနယ်ဇင်း ၊ ရေဒီယို ရုပ်ရှင် နဲ့ ရုပ်သံလိုင်းတွေမှာ ဖော်ပြခွင့်ကို ပိတ်လိုက်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ. သီချင်းတွေကို အွန်လိုင်းစတိုးတွေကနေ ရောင်းချနေမှုကိုလည်း ဖယ်ရှားသွားမယ်လို့ ဆိုပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations