သင့်ကို အံ့အားသင့်စေကာ ဘာမြူဒါတြိဂံရဲ. စိတ်ဝင်စားဖို့ကောင်းပြီး လူသိနည်းတဲ့ အချက် (၁၀)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

ဘာမြူဒါတြိဂံဒေသဟာ ကမ္ဘာပေါ်က မဖြေရှင်းနိုင်သေးတဲ့ လျှို.ဝှက်ဆန်းကြယ် ဒေသကြီးတစ်ခုဖြစ်ပြီး ၊ Devil’s Triangle လို့လည်း လူပြောများပါတယ် ။ ဒီတြိဂံဒေသဟာ Bermuda ကျွန်းကနေ Miami, USA  နဲ့ San Juan, Puerto Rico အထိရှိပြီး ၊ ဒီနေရာမှာ သဘာဝလွန် လျှို.ဝှက်ချက်ပေါင်းများစွာ ရှိတယ်လို့ ယုံကြည်ကြပါတယ် ။ သင်ဟာ ဘာမြူဒါတြိဂံဆိုတဲ့ နာမည်ကို မြေပုံပေါ်မှာ ရှာတွေ့နိုင်မှာ မဟုတ်ပေမယ့် လူပေါင်းများစွာရဲ. နှလုံးသားထဲမှာတော့ ဒီနာမည်ဟာ ရှိနေပါတယ် ။ ထောင်ပေါင်းများစွာသော လူတွေ ၊ လေယာဉ်တွေ ၊ သဘောင်္တွေနဲ့ လှေတွေဟာ ဒီတြိဂံမှာ ပျောက်ဆုံးသွားခဲ့ရပါတယ် ။ ဒါပေမယ့်လည်း ဘာကြောင့်ပျောက်ဆုံးရတယ်ဆိုတဲ့ အဖြေကတော့ ဝေဝါးစွာနဲ့ပဲ ရှိနေပါသေးတယ် ။ အဲ့ဒီထဲကမှ သင့်ကို အံ့အားသင့်စေကာ ဘာမြူဒါတြိဂံရဲ. စိတ်ဝင်စားဖို့ကောင်းပြီး လူသိနည်းတဲ့ အချက် (၁၀)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

Not Really A Triangle

Not Really A Triangle

ဘာမြူဒါတြိဂံလို့ ခေါ်နေကြပေမယ့် ဒီဒေသဟာ တကယ်တော့ တြိဂံပုံ မရှိပါဘူး ။ ဒီဒေသဟာ တရားဝင် နယ်နမိတ်မျဉ်းမျိုး မရှိသလို ပုံသေ အချိုးအစားလည်း မရှိပါဘူး ။ ဒါ့အပြင် အမေရိကန်ရေတပ်ကလည်း ဘာမြူဒါတြိဂံကို တကယ်ရှိတဲ့နေရာအဖြစ် အသိအမှတ်မပြုထားပါဘူး။

Compass Points Towards True North

Compass Points Towards True North

ဘာမြူဒါတြိဂံဒေသဟာ ကမ္ဘာပေါ်က သာမန်မဟုတ်တဲ့ နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး  သံလိုက်အိမ်မြှောင်တွေက မြောက်ဖက်ကို ညွှန်ပြနေပေမယ့် သံလိုက်သတ္တိရှိနေတဲ့ မြောက်ဖက်တော့ မဟုတ်ပါဘူး ။ ဒါကြောင့်မို့လည်း များစွာသော လေယာဉ်တွေနဲ့ သဘောင်္တွေဟာ ဒီဒေသထဲမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ပြီး ဦးတည်ရာ ပျောက်သွားတက်ကြပါတယ်။

Lost City Of Atlantis

Lost City Of Atlantis

သုတေသီနှစ်ဦးဖြစ်တဲ့ Pauline Zalitzki နဲ့ Paul Weinzweig တို့က သမုဒ္ဒရာအောက်မှာ မြို.ကြီးတစ်မြို. ရှိနေတယ်လို့ အခိုင်အမာဆိုပါတယ် ။ ကြီးမားတဲ့ ပစ်ရမစ်ကြီးလေးခု နဲ့ စဖင့်ရုပ်ထုကြီးတွေ ပါဝင်တဲ့ ရှေးဟောင်းမြို.ကြီးဟာ ဘာမြူဒါတြိဂံရဲ. အနားသတ်မျဉ်းတွေ တဝိုက်မှာ ရှိတယ်လို့ ဆိုပါတယ် ။ များစွာသော လူတွေကတော့ ဒါဟာ ပျောက်ဆုံးသွားတဲ့ အတ္တလန်တစ်မြို.ကြီးလို့ ယုံကြည်နေကြပါတယ်။

Bermuda Triangle Accidents

Bermuda Triangle Accidents

သုတေသနပြုလုပ်ချက် မှတ်တမ်းတွေအရ ဘာမြူဒါတြိဂံက မတော်တဆဖြစ်မှုတွေဟာ များသောအားဖြင့် ချဲ.ကားပြောဆိုတာဖြစ်ပြီး အခြားကမ္ဘာ့နေရာဒေသတွေက မတော်တဆဖြစ်မှုတွေလိုပါပဲ။

Atlantic Undersea Test And Evaluation Center

Atlantic Undersea Test And Evaluation Center

ဘာမြူဒါတြိဂံထဲက Bahamas’ Andros ကျွန်းမှာ အမေရိကန် အစိုးရက တည်ထောင်ထားတဲ့ Atlantic Undersea Test and Evaluation Center တည်ရှိပါတယ် ။ ဒီနေရာမှာ အမေရိကန်ရေတပ်က သူတို့ရဲ. စစ်လက်နက်ပစ္စည်းတွေကို စမ်းသပ်တယ်လို့ ဆိုပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် များစွာသောလူတွေကတော့ ဒါဟာ စမ်းသပ်တဲ့နေရာတစ်ခုထပ် ပိုနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

Methane Gas

Methane Gas

ဘာမြူဒါတြိဂံရဲ. ရေအောက်ကြမ်းပြင်မှာ များစွာသော မီသိန်းဓါတ်ငွေ့တွေ ရှိနေပါတယ် ။ ဒီဓါတ်ငွေ့တွေ ပေါက်ကွဲမှုကြောင့် ရေရဲ.သိပ်သည်းဆကို လျှော့ကျစေပြီး သဘောင်္တွေကို နစ်မြုပ်စေတက်ပါတယ်။

Navy Avenger Torpedo Bombers

Navy Avenger Torpedo Bombers

ဘာမြူဒါတြိဂံမှာ အမေရိကန် စစ်တပ်ရဲ. အကြီးကျယ်ဆုံး ဆုံးရှုံးမှုဟာ ၁၉၄၅ ခုနှစ်က ဖြစ်ပွားခဲ့ပါတယ် ။ US Navy Avenger torpedo bombers  ငါးစီးဟာ  Fort Lauderdale Naval Air Station, Florida ကနေ Bimini ကျွန်းမှာ အဝိုင်းခံနေရလို့ ရန်သူကို တိုက်ဖို့သွားခဲ့ပါတယ် ။ ဒါပေမယ့် မိနစ်ကိုးဆယ်ကြာပြီးနောက်ပိုင်းမှာ ရေဒီယိုအော်ပရေတာက ပုံမှန်မဟုတ်တဲ့ signal တွေကိုပဲ ဖမ်းယူရမိခဲ့ပါတယ် ။ ဒီနောက်တော့ ဆက်သွယ်မှု ပျက်ဆုံးသွားခဲ့သလို အဲ့ဒီလေယာဉ်တွေကိုလည်း ဘယ်တော့မှ ပြန်မတွေ့၇တော့ပါဘူး။

No Formal Study

No Formal Study

ဘာမြူဒါတြိဂံဒေသက ပျောက်ဆုံးသွားတဲ့ အကြောင်းတရားတွေကို ပုဂ္ဂလိကစူးစမ်းရှာဖွေမှု အနေနဲ့သာ ပြုလုပ်နေကြတာ ဖြစ်ပါတယ် ။ နည်းစနစ်ကျတဲ့ သုတေသနတွေတော့ မပြုလုပ်ကြသေးဘူးလို့ ဆိုကြပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations