ဘယ်သူနဲ့ ဘယ်တော့လည်း ?

ဇူလိုင်လ ၁၁ ရက်နေ့ညက မိုးယုစံတစ်ယောက် သူမရဲ. မွေးနေ့ပွဲ အခမ်းအနားလေးကို ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ၊ ဒီပွဲလေးမှာ သူမရဲ. မင်္ဂလာပွဲသတင်းကိုလည်း ကြေငြာခဲ့ပါတယ်။

မွေးနေ့ပွဲမှာ သူမရဲ. ချစ်သူ ကိုစွမ်းသူမိုးက သူမကို လက်ထပ်ခွင့်တောင်းခဲ့ပြီး အဲ့ဒီနောက်မှာ သူမတို့နှစ်ဦးရဲ. မင်္ဂလာပွဲ အစီအစဉ်တွေကို ကြေငြာခဲ့တာလို့ ဆိုပါတယ် ။ 

မင်္ဂလာပွဲကိုတော့ အောက်တိုဘာလအတွင်းမှာ ပြုလုပ်သွားမှာ လို့ သိရပြီး ၊ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ဆီဒိုးနားဟိုတယ်တွင် မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ၊ ၂၀ ရက်နေ့မှာတော့ မင်္ဂလာဦးဆွမ်းကျွေးကို မဟာစည်သာသနာ့ရိပ်သာမှာ ပြုလုပ်သွားမှာပါ။ ဒါ့အပြင် အောက်တိုဘာလ ၂၉ ရက်နေ့မှာ Melia ဟိုတယ်မှာ လက်ထပ်မင်္ဂလာပွဲ အခမ်းအနားနဲ့ ၃၁ ရက်နေ့မှာတော့ မင်္ဂလာညစာစားပွဲကို နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်သွားမှာပါ။

Source : 7 days

Photo : စိုင်းဇော်/7Day Daily

Video : MoeYuSan Facebook

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations