အစ်မဖြစ်သူ ရွှေမှုံရတီနဲ့ ခရီးထွက်ရင်း ဖြစ်ခဲ့တာပါ

ငွေမှုံရတီတစ်ယောက် အစ်မဖြစ်သူ ရွှေမှုံရတီနဲ့အတူ ပြင်သစ်ကို အလည်သွားတုန်းက ပြန်မယ့်ရက်မှာ သရဲခြောက်ခံခဲ့ရတယ်လို့ ဆိုထားပါတယ်။ အဲ့ဒီနေ့က အစ်မဖြစ်သူ ရွှေမှုံရတီတို့ အိပ်ပျော်နေတုန်းမှာ သူမက မအိပ်မိသေးပဲ နောက်ပိုင်း တကယ်အိပ်ပျော်သွားချိန်မှာ သူမကို သရဲခြောက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အကျိင်္လည်း ဆွဲချတယ်လို့ သူမက ဆိုထားပါတယ်။

Popular Jouranl မှာတော့ သူမရဲ. သရဲခြောက်ခံရတဲ့ အဖြစ်ကို အခုလို ပြောထားပါတယ် “အဲဒီနေ့မှာ အစ်မက တအား ပင်ပန်းလို့ ဆိုပြီး ဆေးသောက်ပြီး အိပ်သွားတယ်။ ပြန်တော့မယ့်ရက် မှာ အခြောက်ခံ ရတာ။ နောက် အစ်မ တစ်ယောက်က လည်း အိပ်ပျော် သွားတယ်။ ညီမက အိပ်လို့မရဘူး။ တကယ်လည်း အိပ်ပျော်သွား တဲ့အချိန်မှာ ညီမကို နှိုး ပြီးခြောက် တယ်။ အင်္ကျီလည်း ဆွဲချတယ်။ မနက် ၆ နာရီလောက်မှ သရဲက ငြိမ်သွားတာ။ အဲဒါက တော့ အမှတ်တရပါပဲ”

သူမရဲ. အဆိုအရ တစ်ညလုံး သရဲခြောက်နေပြီး မနက် ၆ နာရီလောက်မှ သရဲကငြိမ်သွားတာပါတဲ့ ။ ဒါက ပြင်သစ်ခရီးစဉ်အတွင် အမှတ်တရတစ်ခုပါပဲလို့ ဆိုပါတယ်။။

Source : Popular News

Photo  : Ngwe Hmone Yati FB

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations