ဂိမ်းမပြီးသေးလို့ ဆိုပြီး ရှစ်ချက်လောက် ချုပ်ရမယ့် ဒဏ်ရာကို ဆေးမကုပဲ ဆက်ကစားနေတာပါ

လက်တလောမှာ စမတ်ဖုန်းအသုံးပြုသူတွေကြား အထူးရေပန်းစားနေတဲ့ Pokemon Go ရဲ. သတင်းတွေထဲမှာ ဒီကောင်လေးရဲ. သတင်းလည်းပါပါတယ် ။ သူကတော့ ဓါးနဲ့တိုက်ခိုက်ခံခဲ့ရပေမယ့် ဒဏ်ရာကို ဆေးကုသခြင်း မပြုပဲ ဂိမ်းကိုသာ ပြီးဆုံးအောင် ဆော့ပြီးမှ ကုသခဲ့ပါတယ်တဲ့။

အသက် ၂၂ အရွယ် မိုက်ကယ်ဘိတ်ကာဟာ အမေရိကန်နိုင်ငံ အိုရီဂွန်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး Pokemon Go ကို နှစ်ခြိုက်စွာ ကစားသူတစ်ဦးပါ ။ ဂိမ်းရဲ. ထုံးစံအတိုင်း ပိုကီမွန်ဖမ်းဖို့ အပြင်ထွက်လာချိန်မှာ သူက လူစိမ်းတစ်ယောက်နဲ့ တွေ့ပြီး လူစိမ်းကို Pokemon Go ကစားသူတစ်ဦးပဲ ထင်ပြီး စကားသွားပြောရာမှ ပုခုံးကို ဓါးနဲ့ အထိုးခံရတာပါ။

ဒါပေမယ့်လည်း ဒီဓါးထိုးခံရတဲ့ ဒဏ်ရာကို သူက ဆေးမကုပဲ Pokemon Goကိုသာ ညွှန်ကြားချက်တွေအတိုင်း ဆော့ပြီး နောက်နေ့မနက်ကျမှ ဆေးကုသမှု ခံယူခဲ့ပါတယ်တဲ့။

Source : Daily Mail

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations