အမြဲတမ်း လိုအပ်နေသူ
ရောင့်ရဲမှု မရှိ အမြဲတမ်း တစ်ခုမဟုတ် တစ်ခုလိုအပ်နေတဲ့ မိန်းကလေးမျိုးပါ ၊ သင်က သူမကို ဘယ်လောက်ပဲ ချစ်ကြောင်း ပြနေနိုင်ပါစေ ၊ သူမကတော့ တစ်နည်းမဟုတ် တစ်နည်းနဲ့ အမြဲကျေနပ်အောင် လုပ်ပေးဖို့ တောင်းဆိုနေပါလိမ့်မယ် ၊ လိုအင်ဘယ်တော့မှ ပြည့်တယ်မရှိပဲ တစ်ခုရရင်လည်း နောက်တစ်ခု တောင်းဆိုမယ့် မိန်းကလေးမျိုးပေါ့ ၊ ရေရှည်မှာ သင်စိတ်မောပြီး စိတ်ပျက်မှာပါ။
ဆရာကြီး လုပ်လွန်းသူ
သေချာတာပေါ့ သင့်အပေါ် အမြဲနိုင်စားမယ် ၊ လူကြားထဲမှာပါ မချန် သင့်ကို ဆရာလုပ်မယ် ။ သင်လုပ်ရင် အမှား သူလုပ်ရင် အမှန် ၊ အကုန်လုံး သူ့ဆန္ဒ သူ့သဘော ၊ ဟိုလူနဲ့ မပေါင်းနဲ့ ဒီလူနဲ့ မပေါင်းနဲ့ ၊ ဒါကိုတော့ မလုပ်နဲ့ ဟိုဟာကိုတော့ လုပ်ဆိုတာမျိုးတွေက သင့်ကို ကြာတဲ့အခါမှာ စိတ်ပျက်လာစေမှာပါ ။ အပေါင်းအသင်းတွေနဲ့လည်း ဆက်ဆံရေးကျဲလာမယ် ၊ လူမှုအသိုင်းအဝန်းမှာလည်း ဝင်ဆန့်မှာ မဟုတ်တော့ပါဘူး။
ဆိုက်ကိုဖောက်လွန်းသူ
ဒီလိုမိန်းကလေးတွေကတော့ ဝေးဝေးကနေသာ ရှောင်ပါ ၊ သူစိတ်ကို သင်ခန့်မှန်းဖို့ မလွယ်လှပါဘူး ၊ တစ်ခါတစ်လေ စိတ်အရမ်းတိုနေရာကနေ ချက်ခြင်း ပျော်ရွှင်သွားနိုင်သလို ၊ ပျော်နေရာကနေလည်း ရုတ်တရက်ထပြီး ပြသာနာရှာကောင်း ရှာပါလိမ့်မယ် ။
Facebook Conversations