ဖေ့စ်ဘုခ်နဲ့ အင်စတာဂရမ်မှာ သူမဟာ နာမည်ကြီးပါတယ်

ပါကစ္စတန်နိုင်ငံက ကန်ဒီးလ်ဘာလော့ခ်ျဆိုသူ အမျိုးသမီးငယ်လေးဟာ လူမှုကွန်ရက် ဝက်ဆိုဒ်တွေဖြစ်တဲ့ ဖေ့စ်ဘုခ်နဲ့အင်စတာဂရမ်မှာ အထိုက်အလျှောက် အောင်မြင်ပြီး လူသိများလာသူလေးပါ ။ သူမက လူမှုကွန်ရက်တွေပေါ်မှာ သူမရဲ. ဆက်စီကျကျ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ တင်လေ့ရှိပြီး ၊ ဒါက မျိုးရိုးသိက္ခာကို ထိခိုက်စေတယ်ဆိုပြီး အစ်ကို ဖြစ်သူက သူမကို သတ်ပြစ်လိုက်ပါတယ်။

သူမက ဓါတ်ပုံတွေ တင်ပြီး အောင်မြင်မှု ရနေချိန်မှာ အစ်ကိုဖြစ်သူက သူမကို ဒီလိုပုံရိပ်တွေ မတင်ဖို့ တားဆီးခဲ့ပါသေးတယ် ၊ ဒါပေမယ့် သူမက အစ်ကိုဖြစ်သူရဲ. စကားကို နားမထောင်ပဲ ပုံတွေဆက်ပြီး တင်နေခဲ့တာမို့ အစ်ကိုဖြစ်သူက ဂုဏ်သိက္ခာအတွက် သတ်လိုက်တာ ဖြစ်နိုင်ကြောင်း ရဲငှာနက ဆိုပါတယ်။

သူမရဲ. ရုပ်အလောင်းကို သောကြာနေ့ညပိုင်းက တွေ့ရှိခဲ့ရပြီး ၊ သူမဟာ လည်ပင်းညှစ်သတ်ခံရခြင်း ဖြစ်ပါတယ် ။ သူမရဲ. အစ်ကိုဖြစ်သူ ဝါဆင်းကိုတော့ စနေနေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

Source : Metro

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations