ကမ္ဘာပေါ်မှာ အငြင်းပွားစရာ အဖြစ်ခဲ့ဆုံးသော ပန်းချီကား ဖန်တီးမှုလက်ရာ (၈) ခု အကြောင်း ဖော်ပြပေးလိုက်ပါတယ် ၊ ဒီပန်းချီကားတွေဟာ ဘာကြောင့်ဆိုးဝါးစွာ ဝေဖန်ခြင်းခံရတာလည်းဆိုတာကို ဖတ်ကြည့်နိုင်ပါတယ်။

1. The Prophet

The Prophet

ဒီပန်းချီကားကို အသက် ၂၃နှစ်အရွယ်Cedric Chambers က ဖန်တီးခဲ့တာပါ ။ ဒီပန်းချီးကားမှာ နယူးယောက်ခ်က မျှော်စင်ညီနောင်ကို နောက်ခံထားပြီး သခင်ယေရှုကို large Darth Vader က သယ်ဆောင်လာပုံမျိုး ဖန်တီးထားတာမို့ အငြင်းပွားဖွယ် ပန်းချီကား ဖြစ်ခဲ့ရပါတယ်။

2. Goddess Lakshmi Naked On Shri Ganesh’s Head

Goddess Lakshmi Naked On Shri Ganesh’s Head

Maqbool Fida Husain တစ်နည်း အိန္ဒိယပီကာဆိုလို့ လူသိများတဲ့ ဒီပန်းချီဆရာရဲ. ဒီလက်ရာဟာ လက်ရှိခေတ်ရဲ. အငြင်းပွားဖွယ်အကောင်းဆုံး ပန်းချီကားအဖြစ် ရှိနေပါတယ် ။ ဒီပန်းချီကားမှာ ကိုယ်တုံးလုံးနဲ့ အမျိုးသမီးကို မတူညီတဲ့ လိင်ပုံစံတွေနဲ့ ဖော်ပြထားပါတယ်။ Husain ဟာ ဒီပန်းချီကားကြောင့် အမှုရှစ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

3. The Guitar Lesson

The Guitar Lesson

ဒီပန်းချီကားကိုတော့ ပိုလန်-ပြစ်သစ်နွယ်ဖွား ပန်းချီဆရာ  Balthasar Klossowski de Rola ဟာ ငယ်ရွယ်တဲ့ အမျိုးသမီးလေးတွေရဲ. လိင်မှုပုံစံအမျိုးမျိုးကိုေ၇းစွဲဖူးပါတယ် ။ အခုဖော်ပြထားတဲ့ ပန်းချီကားမှာတော့ ငယ်ရွယ်တဲ့ အမျိုးသမီးနဲ့ အမျိုးအသီးကြီးတို့ကြားက အချစ်ကို သရုပ်ဖော်ထားသလိုပါပဲ။ ဒီအနေအထားက ဂီတာပုံနဲ့ ဆင်တယ်လို့ ဆိုကြပါတယ်။

4. Olympia

Olympia

Olympia ပန်းချီကားဟာ Edouard Manet ရဲ. လက်ရာဖြစ်ပြီး ဝတ်လစ်စလစ်အမျိုးသမီးတစ်ဦးကို အဓိကထားရေးဆွဲထားကာ Goya ရဲ. La Maja Desnuda ပန်းချီကားကို ထပ်မံဆင့်ပွား ဖန်တီးထားတာ ဖြစ်ပါတယ် ။ 

5. One Nation Under Socialism

One Nation Under Socialism

ဒီပန်းချီကားကို Jon McNaughton က ရေးဆွဲခဲ့ပြီး အကြီးအကျယ် ဝေဖန်မှုခံနေရပါတယ် ၊ ဘာလို့လည်းဆိုတော့ ဒီပန်းချီကားထဲမှာ အမေရိကန်သမ္မတ အိုဘားမားကို မကောင်းတဲ့သူ အဖြစ်ပုံဖော်ထားပါတယ် ။ အိုဘားမားဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို မီးရှို့နေတဲ့ပုံကို သရုပ်ဖော်ရေးဆွဲထားပါတယ်။

6. Myra..

Myra..

Myra ပန်းချီကားကို Marcus Harvey က Myra Hindley ဆိုတဲ့ အမျိုးသမီးရဲ. ပုံရိပ်ကို  handprints of little kids နဲ့ ပြုလုပ်ဖန်တီးထားတာပါ ။ Ian Brady နဲ့ Myra Hindley တို့နှစ်ဦးဟာ ၁၉၆၃ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်အကြား အသက် ၁၀ နှစ်ကနေ ၁၇ ကြားရှိတဲ့ ကလေးငယ် ၅ ဦးကို သတ်မှုအတွက် တာဝန်ရှိသူတွေပါ ။ ၁၉၉၇ ခုနှစ်တုန်းက ဒီလက်ရာကို Royal Academy of Art  မှာ ပြသတုန်းက များစွာသော ပြည်သူတွေဟာ ဒီပန်းချီကားစကို မင်တွေ ကြက်ဥတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ 

7. The Black Christ

The Black Christ

၁၉၆၂ ခုနှစ်တုန်းက တောင်အာဖရိက အနုပညာရှင် Ronald Harrison က သခင်ယေရှုကို လူမည်းတစ်ယောက်အဖြစ် ပုံဖော်ထားတဲ့ လက်ရာပါ ။ ဒီပန်းချီကားထဲက သခင်ယေရှုကို  African National Congress ခေါင်းဆောင် Albert Luthuli အဖြစ် ဖော်ပြထားပါတယ် ။ Albert  ကို သခင်ယေရှုအနေနဲ့ ကားစင်တင်ထားပြီး အနားမှာတော့ ယခင် Justice Minister John Vorster နဲ့ Prime Minister, Hendrik Verwoerd တို့ကို ရောမစစ်သားတွေ အဖြစ် သရုပ်ဖော်ပြထားပါတယ် ။ ဒီပန်းချီကားကို ၁၉၆၂ ခုနှစ် ကိပ်တောင်း က St. Luke’s ဘုရားကျောင်းမှာ ပြသခဲ့ပြီး အနုပညာရှင်ကိုတော့ ရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

8. Lord Krishna With Bikini Clad Women

Lord Krishna With Bikini Clad Women

ဒီ ဝေဖန်စရာ ပန်းချီကားကိုတော့ အာသံအခြေစိုက် ပန်းချီဆရာ Akram Hussain က ဟိန္ဒူတို့ရဲ. ဘုရားသခင် Lord Krishna ကို ဘီကနီဝတ် အမျိုးသမီး ၇ ဦးနဲ့ ဘားမှာ ရှိနေဟန် ရေးဆွဲထားတာပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations