မတွဲတော့လည်း မတွဲဘူး တွဲတော့လည်း နှစ်ယောက်တောင်

ကန်ဒဲလ်ဂျန်နာတစ်ယောက် ရည်းစားမထားပဲ တစ်ယောက်တည်းနေလာတာ တော်တော်ကြာပါပြီ ။ အခုသူမက တွဲမယ့်တွဲတော့ နှစ်ယောက်တစ်ပြိုင်တည်း တွဲလိုက်တာပါ ။ သူမက LA Lakers အသင်းရဲ့ ဘတ်စကတ်ဘောသမား ဂျော်ဒန်ကလာ့ခ်ဆန် နဲ့ တွဲနေပြီး အခု ရက်ပါ  A$AP Rocky နဲ့လည်း ဘာလိုလို ဇာတ်လမ်းတွေ ရှိနေကြောင်း UsWeekly က ရေးသားထားပါတယ်

ကန်ဒဲလ်က ရော်ကီနဲ့ ဘာဗလီဟေးက Mr C ဟိုတယ်မှာ ဇူလိုင်လ ၁၃ ရက်တုန်းက ချိန်းတွေ့ခဲ့ကြတယ်လို့ ဆိုပြီး သူတို့နှစ်ဦးက အလေးအနက်မဟုတ်ပဲ ဒီတိုင်းတွဲရုံသာဖြစ်တယ်လို့တော့ ဆိုနေကြပါတယ်။ ရက်ပါ ရော်ကီနဲ့ကန်ဒဲလ်တို့ကို အရင်ကလည်း တွဲလျှက် တွေ့ရလေ့ရှိပါတယ်။

အခုတော့ ကန်ဒဲလ်က ရည်းစားနှစ်ယောက် အပြိုင်တွဲသူအဖြစ် နာမည်ကြီးလာပါတော့တယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations