နေရောင်ခြည်စွမ်းအင်သုံးပြီး ၊ wifi လွှင့်ပေးမှာပါ။


ကမ္ဘာပေါ်မှာ အင်တာနက်သုံးစွဲသူ တစ်နေ့တစ်ခြား များပြားလာတယ် ဆိုပေမယ့်လည်း အင်တာနက် လုံးဝမရရှိပဲ နေထိုင်နေရသူပေါင်းဟာလည်း လူပေါင်း ၄ ဘီလီယံလောက် ရှိနေပါတယ် ။ ဖေ့စ်ဘုခ်က ဒီလိုလူတွေအတွက် နည်းပညာမြင့် လေယာဉ်နဲ့ အင်တာနက်ဖြန့်ဝေပေးဖို့ လုပ်ဆောင်နေမှုပါ။


လေယာဉ်ကတော့ အကွီလာလို့ အမည်ပေးထားပြီး နေရောင်ခြည်စွမ်းအင် သုံး လေယာဉ်မျိုး ဖြစ်ပြီး ၊ ဇွန်လ ၂၈ ရက်နေ့က အမေရိကန် စစ်အခြေစိုက်စခန်း YPG မှာ စမ်းသပ်ပျံသန်းခဲ့ပြီး ရလဒ်လည်း ကောင်းမွန်တယ်လို့ ဆိုပါတယ်။


လေယာဉ်ဟာ ပထမအကြိမ် စမ်းသပ်ပျံသန်းရာမှာ လေထဲ ၉၆ မိနစ် ပျံသန်းနိုင်ခဲ့ပြီး ဒါဟာ ခန့်မှန်းထားတာထက် သုံးဆပိုကြာခဲ့တာပါ ။ ပျံသန်းနေစဉ်မှာ လေယာဉ်ရဲ. အမြင့်နဲ့ အရှိန်ပေါ်မူတည်ပြီး နေရောင်ခြည်က ရရှိတဲ့ လျှပ်စစ်စွမ်းအင် ဝပ် ၂၀၀၀ မှ ဝပ် ၅၀၀၀ ကြား အသုံးပြုရမှာပါ ။ အမြင့်ကနေမှ မြေပြင်ကို အင်တာနက် ဖြန့်ဝေပေးသွားမှာပါ။


လေယာဉ်စမ်းသပ် ပျံသန်းမှုကို ဇူကာဘတ်က သူ့ရဲ. ဖေ့စ်ဘုခ်ပေါ်မှာလည်း တင်ထားပေးပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations