အပျိုဖော်ဝင်ပြီဆိုတာနဲ့ သူ့ဆီမဖြစ်မနေ သွားရပါတယ်


မော်လဝီနိုင်ငံထဲက အစွန်းအဖျားကျတဲ့ ကျေးရွာကလေးတစ်ရွာဟာ ရွာမှာရှိတဲ့ မိန်းကလေးငယ်တွေ အနေနဲ့ သန့်ရှင်းစင်ကြယ်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ပထမဦးဆုံး ရာသီစတင်လာသည့်နေ့မှ စလို့ သုံးရက်တိုင်တိုင် အသက် လေးဆယ်ကျော် အမျိုးသားတစ်ဦးဆီမှာ ပန်းဦးဆက်ရတဲ့ ဓလေ့ထုံးစံ ကျင့်သုံးနေဆဲပါ


ဒီအမျိုးသားဟာ မကောင်းမှုတွေကနေ တားဆီးကာကွယ်ပေးနိုင်တယ်လို့ အယုံအကြည်ရှိတဲ့ Hyena မျိုးရိုးကနေဆင်းသက်လာသူ ဖြစ်ပြီး သူ့နာမည်ကတော့ Eric Aniva ပါတဲ့ ။ သူက အသက် ၄၀ ကျော်ပြီဖြစ်ကာ ဒီတာဝန်ကို ၁၉၈၅ ခုနှစ်က စလို့ စတင်ပြီး ထမ်းဆောင်ခဲ့ရတာဖြစ်ပြီး ၊ သူ့ကို ရွာလူကြီးတွေက ထောက်ပံ့ကြေးပေးထားရပါတယ်။


ဒီရွာလေးဟာ ရှေးယခင်ခေတ်အဆက်ဆက် ကတည်းက Hyena အဖြစ် တာဝန်ထမ်းဆောင်သူတွေကို အပျိုဖော်ဝင်တာနဲ့ လိင်ပိုင်းဆိုင်ရာအရ ပန်းဦးဆက်ရတဲ့ ဓလေ့ရှိပြီး ယနေ့ထက်တိုင် ကျင့်သုံးနေဆဲဖြစ်ပါတယ် ။ Eric ဟာဆိုရင်လည်း သူ့မှာ HIV ရောဂါပိုး ရှိမှန်း သိသော်လည်းပဲ ရိုးရာဓလေ့ထုံးတမ်းအရ အကာအကွယ်မပါပဲ လိင်ဆက်ဆံမှုနည်းလမ်းကိုသာ အသုံးပြုခဲ့ကြောင်း ပြောပြပါတယ်။


ဓလေ့ထုံးတမ်းအရ အပျိုဖော်ဝင်လျှင်သာမက ကိုယ်ဝန်ဖျက်ချခြင်းလို ပြစ်မှုမျိုး ကျူးလွန်ခံရင်တောင် အပြစ်ခံယူတဲ့ အနေနဲ့ Eric နဲ့ ဆက်ဆံရတာမျိုးလည်း ရှိနေပါတယ် ။ ဒါ့အပြင် ခင်ပွန်းသည် သေဆုံးသွားတဲ့ အမျိုးသမီးတွေဟာလည်း မျိုးဆက်အတွက် Eric နဲ့ ဆက်ဆံရလေ့ ရှိပါတယ် ။ ဒီဓလေ့ကို ရွာလူကြီးတွေကတော့ ကံကောင်းစေတယ် ၊ လာဘ်ရွှင်စေတယ်လို့ ယုံကြည်လက်ခံထားပြီး ၊ သူတို့အသိုင်းအဝိုင်းမှာတော့ ဒါက အမှားတစ်ခုမဟုတ်သလို အပြစ်တစ်ခုလည်း မဟုတ်ပါဘူး ။ ဒါ့အပြင် Hyena တာဝန်ထမ်းဆောင်သူကိုလည်း တစ်ကြိမ်အတွက် ၃ ပေါင်ကနေ ၅ ပေါင်ကြား ပေးရလေ့ ရှိပါတယ်။


Eric က သူ့အနေနဲ့ များသောအားဖြင့် အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်ကြား မိန်းမပျိုလေးတွေနဲ့ ဆက်ဆံရလေ့ရှိပြီး အမျိုးသမီးပေါင်း ၁၄၀ ကျော်နဲ့ ဆက်ဆံပြီးပြီလို့ ဆိုပါတယ် ။ 


ဒီရွာမှာဆိုရင် HIV ရောဂါပိုးဟာ ဆိုးဆိုးရွားရွား ပျံနှံနေတာပါ ။ မော်လဝီအစိုးရကတော့ ဒီလို ရှေးဟောင်းဆန်လွန်းတဲ့ ရိုးရာဓလေ့တွေကို လက်မခံဘူးလို့ ဆိုထားပေမယ့် ဒါတွေ ပပျောက်သွားအောင်လည်း ထိရောက်တဲ့ တိုက်ဖျက်မှုတွေ လုပ်ဆောင်မှု အားနည်းနေပါသေးတယ်။

Source : mirror

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations