ဂြိုလ်သားတွေနဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှု ရှိခဲ့ကြောင်း အခိုင်အမာဆိုထားမှုတွေက ရှိနေပါတယ်။

သမိုင်းကြောင်းတစ်လျှောက်မှာ လူသားတွေဟာ နတ်တွေ ၊ နတ်သမီးတွေ ၊ မကောင်းဆိုးဝါးတွေ ၊ ကောင်းကင်ဘုံသားတွေနဲ့ ညားခဲ့ကြကြောင်း ရာဇဝင်တွေ ၊ ယုံတမ်းတွေ ရှိခဲ့ကြသလို ၊ ဒီနေ့ခေတ်မှာလည်း ဂြိုလ်သားတွေနဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှု ရှိခဲ့ကြောင်း အခိုင်အမာဆိုထားမှုတွေက ရှိနေပါတယ်။

Simon Parkes

Simon Parkes

၂၀၁၃ ခုနှစ်တုန်းက ယူကေနိုင်ငံက မြို.ငယ်လေးတစ်မြို.ဖြစ်တဲ့ Stakesbyမြို.က အတိုင်ပင်ခံ လူကြီးတစ်ဦးဖြစ်ပြီး သူက  “Cat Queen.” လို့ ခေါ်တဲ့ ဂြိုလ်သားနဲ့ လိင်ပိုင်းဆိုင်ရာ ဆက်နွယ်မှုတွေ ရှိခဲ့တယ်လို့ အခိုင်အမာ ဆိုပါတယ်။ ဒါ့အပြင်သူဟာ ဂြိုလ်သား သမီးငယ် တစ်ဦးရရှိခဲ့ပြီး နာမည်က Zarka ဖြစ်တယ်လို့လည်း အခိုင်အမာ ပြောဆိုပါတယ်။

David Huggins

David Huggins

နယူးဂျာစီက ပန်းချီဆရာ David Huggins အနေနဲ့ အခုလို ဂြိုလ်သားရဲ. သွေးဆောင်ဖျားယောင်းခြင်းခံရတာ အသက်ခြောက်နှစ်အရွယ်ထဲက ဖြစ်ပြီး သူ့ဘဝတစ်လျှောက် အကြိမ်ကြိမ် ကြုံခဲ့ရပါတယ်။ ဒီဖြစ်စဉ်ကို မိဘတွေကို ပြောပြတဲ့အခါမှာ မယုံကြည်ပဲ ရိုက်နှက်ကြိမ်းမောင်းခြင်း ခံရတာမို့ နောက်ပိုင်းမပြောဖြစ်တော့ပါ ။ သူ့ အသက် ၁၇ နှစ်အရွယ်မှာတော့ သူဟာ လူသား-ဂြိုလ်သား အစပ် Crescent ဆီမှာ သူ့ရဲ. လူပျိုရည်ဘဝ ကုန်ဆုံးခဲ့ရပါတယ် ။ 

Suzanne Brown

Suzanne Brown

Suzanne Brown ဟာ အင်္ဂလန်နိုင်ငံ Cheshire ဒေသက စီးပွားရေးသမားတစ်ဦး ဖြစ်ပါတယ် ။ သူမဟာ ၁၉၆၅ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အတွင်း Myriko အမည်ရှိတဲ့ ဂြိုလ်သားတစ်ဦးနဲ့ အကြိမ်ကြိမ် ကြုံခဲ့ရတယ်လို့ ဆိုထားပါတယ် ။ Myriko  ဟာ အရပ် ၁၅၀ စင်တီမီတာ ရှိပြီး ပခုံးရှည်ရှည် ၊ ဆံပင်အရောင် ဖျော့ဖျော့ရှိတယ်လို့ ဆိုပါတယ်။

Peter Khoury

Peter Khoury

၁၉၈၈ ခုနှစ်က Peter Khoury ဟာ သူ့ရဲ. အိပ်ယာထဲမှာ လဲလျှောင်းနေရင်း သူဟာ အကြောသေသလို ဖြစ်သွားပြီး သူ့နံဘေးမှာ ဂြိုလ်သားတွေ ရှိနေတာကို တွေ့လိုက်ရပါတယ်။ သူတို့ထဲကတစ်ယောက်ဟာ သူ့ရဲ.ဦးခေါင်းမှာ အချွန်တစ်ခု ထိုးစိုက်လိုက်ပြီး Peter Khoury ဟာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပါတယ် ။ သူဟာ ဒီဂြိုလ်သားမျိုးစိတ်တွေနဲ့ လိင်ပိုင်းဆက်ဆံရာ ပတ်သတ်မှု ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

Stephany Fay Cohen

Stephany Fay Cohen

Stephany Fay Cohen ဟာ စိတ်စွမ်းအားရှင် တစ်ဦးဖြစ်ပြီး "Team Sprit" လို့ သူမရည်ညွှန်းတဲ့ ဂြိုလ်သားအုပ်စုတစ်စုနဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ် ။ သူမအိပ်ပျော်နေစဉ်မှာ သူ့မရဲ. ဝိညာဉ်ဟာ ဂြိုလ်သားတွေရဲ. UFO ထဲ ရောက်ရှိခဲ့ပြီး ဒီလိုဖြစ်ခဲ့ရတယ်လို့ သူမက ယုံကြည်နေပါတယ်။ 

Jose Inacio Alvaro

Jose Inacio Alvaro

Jose Inacio Alvaro ဟာ ၁၉၇၈ မတ်လ ၂ ရက်နေ့မှာ အိမ်မှာရှိနေစဉ် လျှပ်စစ်မီး ပျက်တောက်သွားခဲ့ပါတယ် ။ အလင်းရောင် မရှိတော့တဲ့ အချိန်မှာ Alvaro ဟာ UFO တစ်စီး ဖြတ်သွားတာကို တွေ့လိုက်ရပြီး ၊ UFO ဟာ သူ့ဆီပြန်လှည့်လာခဲ့ကာ သူ့ကို ခေါ်ဆောင်သွားခဲ့ပါတယ် ။ သူ့ရဲ. ပြန်လည်ပြောဆိုချက်အရ သူဟာ ကိုယ်တုံးလုံးဂြိုလ်သားတစ်ယောက်နဲ့ လိင်ဆက်ဆံမှု ပြုခဲ့ပြီး ၊ အဲ့ဒီဂြိုလ်သားရဲ. ရင်သားဟာ ကမ္ဘာမြေပေါ်က ဘယ်အမျိုးသမီးထက်မဆို သာနိုင်တယ်လို့ ဆိုပါတယ်။

Pamela Stonebrooke

Pamela Stonebrooke

Pamela Stonebrooke ဟာ လော့စ်အိန်ဂျလိစ်မြို.က ဂျက်ဇ်ဂီတ အဆိုတော်တစ်ဦးဖြစ်ပြီး သူမဟာ ဂြိုလ်သားတစ်ယောက်နဲ့ အကြိမ်ကြိမ်လိင်ဆက်ဆံမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ် ။ သူမရဲ. ပထမဆုံး ဖြစ်ရပ်ကတော့ ၁၉၉၃ ခုနှစ်က ဖြစ်ခဲ့တာဖြစ်ပြီး အာသာသယာဉ် တစ်စီးပေါ်မှာ ဖြစ်ခဲ့ရတာပါ ။ သူမရဲ. အတွေ့အကြုံတွေကို  Experiencer: A Jazz Singer’s True Account of Extraterrestrial Contact နာမည်နဲ့ စာအုပ်ရေးသား ထုတ်ဝေခဲ့ပါသေးတယ်။

Elizabeth Klarer

Elizabeth Klarer

တောင်အာဖရိကက Elizabeth Klarer ဟာ သူမအနေနဲ့ Drakensberg တောင်ပေါ်မှာ ဂြိုလ်သားတွေနဲ့ အဆက်အသွယ် ရှိခဲ့တယ်လို့ ဆိုပါတယ် ။ သူဟာ ဂြိုလ်သားတွေနဲ့ ပတ်သက်ပြီး ဆောင်းပါးရေးခဲ့ကာ သူ့ဆောင်းပါးထဲမှာတော့ ဂြိုလ်သားတွေဟာ အေးချမ်းပြီး ဟင်းသီးဟင်းရွက်သာ စားသူတွေ ဖြစ်တယ်လို့ ဆိုထားပါတယ် ။ သူမဟာ သူမငယ်ရွယ်စဉ် အချိန်က ဂြိုလ်သားနဲ့ ရိုမန့်တစ် ဇာတ်လမ်းလေးတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

Meng Zhaoguo

Meng Zhaoguo

Meng Zhaoguo ဟာ Heilongjiang, China က သစ်ခုတ်သမား တစ်ဦးဖြစ်ပြီး ၁၉၉၄ ခုနှစ်က Red Flag Logging Camp မှာ လုပ်နေစဉ် UFO တစ်စီးကို မြင်လိုက်ရပါတယ် ။ ဒီ UFO နောက်ကို သူဟာလိုက်ရှာရင်း ၊ သူဟာ အရိုက်ခံရပြီး မေ့မျောသွားပါတယ် ။ သူမေ့မျောနေစဉ်မှာ ဂြိုလ်သားအမျိုးသမီး ပေါ်လာပြီး မိနစ်လေးဆယ်လောက် သူနဲ့ လိင်ဆက်ဆံမှု ပြုခဲ့တယ်လို့ ဆိုပါတယ်။

Antonio Vilas-Boas

Antonio Vilas-Boas

Antonio Vilas-Boas ဟာ ဘရားဇီးလယ်သမား တစ်ဦးဖြစ်ပြီး သူ အသက် ၂၃ နှစ်အရွယ်မှာ ကောင်းကင်က ထူးဆန်းတဲ့ အလင်းရောင်တွေ ရက်ပေါင်းများစွာ ဖြစ်ပေါ်နေတာကို သတိထားမိခဲ့ပါတယ် ။ သူဟာ တစ်ရက်မှာတော့ လယ်ကွင်းထဲ နောက်ကျတဲ့ထိ ထယ်ထိုးနေတုန်း သူ့ရဲ. အနီးမှာ အနီရောင် အလင်းတန်းတစ်ခု ပေါ်လာကာ UFO တစ်စီး ဆင်းသက်ခဲ့ပါတယ် ။ Antonio ဟာ လွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ပဲ အဖမ်းခံခဲ့ရပြီး သူတို့ထဲက ဂြိုလ်သားအမျိုးသမီးတစ်ဦးနဲ့ လိင်ဆက်ဆံမှု ရှိခဲ့ပါတယ်တဲ့ ။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations