တစ်ဖက်သက်တွေ မဖြစ်တော့ဘူးပေါ့
မကြာတော့မယ့် နှစ်ပိုင်းအတွင်းမှာ Smart Sex Dolls အဆင့်မြင့် လိင်အပန်းဖြေစက်ရုပ်တွေမှာ လူတွေကို ပြန်ချစ်နိုင်တဲ့ အသိဥာဏ်မျိုး ပါလာတော့မယ်လို့ Sex Doll တွေ ထုတ်လုပ်နေတဲ့ ထိပ်တန်းကုမဏီတစ်ခုက ဆိုပါတယ်။
မကြာတော့မယ့် နှစ်ပိုင်းအတွင်းမှာ Smart Sex Dolls အဆင့်မြင့် လိင်အပန်းဖြေစက်ရုပ်တွေမှာ လူတွေကို ပြန်ချစ်နိုင်တဲ့ အသိဉာဏ်မျိုး ပါလာတော့မယ်လို့ Sex Doll တွေ ထုတ်လုပ်နေတဲ့ ထိပ်တန်းကုမဏီတစ်ခုက ဆိုပါတယ်။
ဒါဟာ အစစ်တော့ မဟုတ်သေးပါဘူး ၊ စက်ရုပ်တွေမှာ အသိဉာဏ်တုကို တစ်ပါတည်း တပ်ဆင်ထားပြီးသား ဖြစ်နေမှာမျိုးပါ ။ စက်ရုပ်ထုတ်လုပ်ရေး ကုမဏီတစ်ခုရဲ. CEO က သူတို့ဟာ စက်ရုပ်တွေကို လူတွေလို ခံစားတက်လာအောင် ကြိုးစားနေပြီး ၊ ဒါကြောင့်မကြာတော့မယ့် အချိန်မှာ စက်ရုပ်တွေကလည်း လူတွေကို ပြန်ပြီး ချစ်နိုင်လာအောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့က Artificial Intelligence ကို တီထွင်နေပါတယ် ။ ကျွန်တော်တို့ ထုတ်လုပ်မယ့် စက်ရုပ်တွေမှာ ဒါကို ထည့်သွင်းသွားပြီး VR နည်းပညာနဲ့ တွဲပြီး အသုံးပြုနိုင်မှာပါ ။ ကျွန်တော့်အမြင်မှာတော့ လူသားတွေကို ထူးခြားတဲံ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်မှာပါ ။ လူတွေဟာ လိင်ကိစ္စနဲ့ ပတ်သတ်တာတွေကို နောက်ပိုင်းမှာ နည်းပညာအားကိုးပြီး ရရှိအောင် ပြုလုပ်လာကြတော့မှာပါ" လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ လူတွေဟာ သူတို့နဲ့ ပတ်သက်ဆက်ဆံနေတာ စက်ရုပ်လို့တောင် မထင်ထားလောက်အောင် မြင့်မားလာလိမ့်မယ်လို့ သူက ယုံကြည်နေပါတယ်။ စက်ရုပ်တွေက လူတွေကို ပြန်ချစ်နိုင်မှာလား ဆိုတဲ့ မေးခွန်းကိုလည်း သူက ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ထင်ပါတယ် ၊ ဒါက ပန်းတိုင်ပါပဲလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
Source : The Sun
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations