ဘာလို့လည်း ?


မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်းများဖြစ်ကြတဲ့ ဇေယျာရွှေမြေအသင်းနဲ့ မနောမြေအသင်းတို့ဟာ လာမယ့် ၂၀၁၇ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။


ဇေယျာရွှေမြေအသင်းဟာ ၄င်းတို့အသင်းရဲ. အိမ်ကွင်းအဖြစ် အသုံးပြုနေတဲ့ မုံရွာဘောလုံးကွင်းကို တိုင်းဒေသကြီး လွှတ်တော်က ပြန်တောင်းတာကြောင့် သူတို့အနေနဲ့ ဘောလုံးလောကတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့တာကို အသိအမှတ် ပြုမခံရလို့ ပြိုင်ပွဲတွေကနေ နှုတ်ထွက်တာလို့ အသင်းပိုင်ရှင်က ဆိုပါတယ်။


ဒါ့အပြင် မနောမြေအသင်းဟာလည်း ဘဏ္ဍာရေး အခက်အခဲကြောင့် ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အသင်းအနေနဲ့ ကစားသမားတွေကို လစာမပေးနိုင်တာ သုံးလကျော်ပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ လွန်ခဲ့တဲ့ လေးလကျော်ကတည်းက ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင် း သက်ဆိုင်ရာကို တရားဝင် စာတင်ထားတယ်လို့ သိရပါတယ်။

Source : MNL

Photo : 7 Days

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations