တကယ်ချစ်သူဆို သူက ဒီအပြုအမူတွေကို ပြုမူမှာပါ
1. အချစ်ကို ပြသတယ်
အချစ်ကို ပြသတယ်
သင့်ကို သူက တကယ်ချစ်တယ်ဆိုရင်တော့ သင့်လက်ကို ဆုပ်ကိုင်ဖို့ ဘယ်တော့မှ မတွန့်ဆုပ်သလို အနမ်းပေးဖို့လည်း အမြဲတမ်း အသင့်ပါ။
2. အမှတ်တရတွေကို မျှဝေတယ်
သင့်ချစ်သူက သင်နဲ့ မဆိုင်ဘူးလို့ ထင်ရတဲ့ အရာတွေနဲ့ ပတ်သတ်လို့လည်း ပြောပြတက်ပါတယ် ။ ဥပမာအားဖြင့် ဘက်စကတ်ဘောကစားတာ ရုပ်ရှင် အကြောင်း ၊ စသဖြင့်ပေါ့ ။ ဒါဟာ သူ့ရဲ. အတွေ့အကြုံကို သင်နဲ့ မျှဝေလိုစိတ် ရှိတာပါ။
3. သင်နဲ့ အတူရှိနေရတာကို ပျော်တယ်
သင်နဲ့ အတူရှိနေရတာကို ပျော်တယ်
သူက အလုပ်များတက်တဲ့လူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ၊ ဒါပေမယ့် သင်နဲ့ အတူရှိခွင့်ရဖို့က သူ့အတွက် အရေးကြီးဆုံးလို့ ခံယူထားပြီး ၊ ဒီအတွက် အချိန်ရအောင်လည်း ဖန်တီးပါလိမ့်မယ်
4. လိင်ကိစ္စဟာ နှစ်ယောက်စလုံး အတွက်လို့ သူသိတယ်
ချစ်တင်းနှောတဲ့အခါမှာ သူက သင့်အတွက်ပါ စဉ်းစားပါလိမ့်မယ် ၊ သင့်သာယာမှုကိုလည်း သူက အလိုက်တသိ ဖြည့်ဆည်းပေးလိုစိတ် ရှိပါလိမ့်မယ်။
5. သင်က သူ့ဖုန်းကို မကိုင်မိတာ စာမပြန်တာကို နားလည်မှုပေးမယ်
သင်က သူ့ဖုန်းကို မကိုင်မိတာ စာမပြန်တာကို နားလည်မှုပေးမယ်
သင့်အနေနဲ့ ရံဖန်ရံခါ သူ့ရဲ. ဖုန်းကို မကိုင်မိတာ ၊ စာမပြန်မိတာတွေကို သူက သံသယမဝင်ပဲ အလိုက်သိတက်တယ် ဆိုရင်တော့ သူက သင့်အတွက် အကောင်းဆုံးပါပဲ
6. သင့်ကိုယ်သူ ယုံကြည်မှုရှိအောင် ကူညီနိုင်
အချစ်စစ်ဟာ ဘယ်တော့မှ သင့်ကို လဲကျအောင် ထိုးနှက်မှာ မဟုတ်ပါဘူး ။ သူက သင့်ကို ချစ်တဲ့အတွက် သင့်ကိုယ်သင် ယုံကြည်မှုရှိအောင် အမြဲအားပေးပါလိမ့်မယ်
7. သင်ဖျားနာနေချိန်မှာ သင့်ကို ဂရုစိုက်မယ်
သင်ဖျားနာနေချိန်မှာ သင့်ကို ဂရုစိုက်မယ်
သင့်အနေနဲ့ သင်ဖျားနာနေချိန်မှာ သူက ဂရုမစိုက်ဘူးဆိုရင် သင့်ကို သူမချစ်လို့ပါပဲ ။ သင့်အနားမှာ တစ်နေ့လုံး ရှိနေမယ် ၊ ဆေးသောက်ဖို့ သတိပေးမယ် ၊ စွပ်ပြုတ်ပူပူလေးတစ်ခွက် လုပ်ပေးမယ် ။
8. သူ့ မိသားစု သူငယ်ချင်းတွေရှေ.မှာ သင့်ကို မတိုက်ခိုက်ဘူး
သင်တို့ နှစ်ယောက်တည်း ရှိနေချိန်မှာသာ ဂရုစိုက်တာမဟုတ် ၊ သူငယ်ချင်းနဲ့ မိသားစုဝင်တွေ ရှေ.မှာလည်း သင့်ရှေ.က မားမားမတ်မတ် ရပ်တည်တယ်ဆိုရင်တော့ ချစ်လွန်းလို့ပါ
9. သင့်ဘဝနဲ့ ပတ်သတ်လို့ သူစိတ်ဝင်စားတယ်
သင့်ဘဝနဲ့ ပတ်သတ်လို့ သူစိတ်ဝင်စားတယ်
သင့်ဘဝမှာ အခက်အခဲတွေ တွေ့ကြုံရရင် သူက ဖြေရှင်းပေးနိုင်ဖို့ စိတ်ဝင်စားတယ် ။ သင်ဘာဖြစ်ဖြစ်
10. သင်ပြောတာကို နားထောင်ပေးတယ်
သင့်ချစ်သူက သင်ပြောဆိုတာကို အမြဲလိုလို အလေးအနက်ထား နားထောင်ပေးတက်တယ် ၊ ဘာလို့လည်းဆိုတော့ သင့်ကို သူက ဂရုတစိုက်ရှိလို့ပါပဲ။
သင်ရော သင့်ကို တကယ်ချစ်တဲ့ ချစ်သူ ပိုင်ဆိုင်ထားပြီလား
သင်ရော သင့်ကို တကယ်ချစ်တဲ့ ချစ်သူ ပိုင်ဆိုင်ထားပြီလား
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations