တန်ဆေးလွန်ဘေးမို့ ဘယ်လို အထောက်အကူဖြစ်တယ် ၊ အထောက်အကူ ဖြစ်အောင် ဘယ်လိုနေရမလည်း ဆိုတာ ဒီမှာလေ့လာနိုင်ပါတယ်။
ဇနီးမောင်နှံတွေအတွက် အိမ်ထောင်ရေး သာယာဖို့ဆိုတာမှာ ချစ်တင်းနှောခြင်းဟာလည်း အရေးကြီးတဲ့ အခန်းကနေ ပါဝင်ပါတယ် ။ ချစ်တင်းနှောခြင်းဟာ သင့်အိမ်ထောင်ရေးကို ပိုမိုသာယာစေသလို ကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့ အချက်တွေလည်း ရှိနေပါတယ်။
ချစ်တင်းနှောခြင်းက သင့်နှလုံးကို ပိုမိုကောင်းမွန်စေပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်အထက် ချစ်တင်းနှောပေးခြင်းဖြင့် အမျိုးသားတွေအတွက် နှလုံးထိခိုက်နို်င်မှုကို လျှော့ပါးစေနိုင်ပါတယ်။
ချစ်တင်းနှောခြင်းဟာ နာကျင်မှု ဝေဒနာတွေကိုလည်း သက်သာစေပါတယ် ချစ်တင်းနှောနေချိန်မှာ oxytocin ဟော်မုန်း ငါးဆထိ မြင့်တက်လာစေတာမို့ ခေါင်းကိုက်တာ ၊ ကိုယ်လက်နာကျင်တာတွေကို လျှော့ပါးသက်သာစေနိုင်ပါတယ်။
ချစ်တင်းနှောခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ကျစေတဲ့ ဟော်မုန်းတွေ ထွက်ရှိလာပြီး ကြွက်သားတွေကိုလည်း ပြေလျှော့စေကာ ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။
ဒါ့အပြင် ချစ်တင်းနှောစဉ်မှာ ထွက်တဲ့ ဟော်မုန်းတစ်မျိုးဟာ ကိုယ်ခန္တာရဲ. ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး ခန္တာကိုယ်ထဲက တစ်ရှုးတွေ ပျက်ဆီးခြင်းကိုလည်း မဖြစ်အောင်လည်း ထိန်းသိမ်းပေးပါတယ် ။ နှလုံးခုန်မြန်စေတာမို့ သင့်ကျန်းမာရေးကို အထူးကောင်းမွန်စေမှာပါ။
တစ်ပတ်လျှင် သုံးကြိမ်လောက် ချစ်တင်းနှောခြင်းဖြင့် သင်ဟာ နုပျိုမှုကိုလည်း ပို်င်ဆိုင်နိုင်မှာ ဖြစ်ပါတယ် ။ သွေးလှည့်ပတ်မှု ကောင်းမွန်စေတာမို့ အရေပြား ကျန်းမာရေးကို အထူးထိန်းသိမ်းပေးရာ ရောက်တာအမှန်ပါပဲ။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations