နာမည်ကျော် ဘောလုံးသမား စီရော်နယ်ဒို (ခ) ဒိုလေးကို ဂေးတစ်ယောက်ဖြစ်တယ်လို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြောဆိုမှု ရှိလာကြပါတယ် ။

ဒိုလေးလို့ ဆိုလိုက်တာနဲ့ ကမ္ဘာတစ်လွှားက အမျိုးသမီးပရိတ်သတ်တွေက သည်းသည်းလှုပ်အားပေးကြသလို အားကျတဲ့ အမျိုးသားတွေလည်း မနည်းမနောပါ ။ နာမည်ကျော် ဘောလုံးသမား စီရော်နယ်ဒို (ခ) ဒိုလေးကို ဂေးတစ်ယောက်ဖြစ်တယ်လို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြောဆိုမှု ရှိလာကြပါတယ် ။ ဒီလောက်နဲ့ ရပ်မသွားပဲ မီဒီယာစာမျက်နှာတွေမှာပါ ဖော်ပြမှုတွေ ရှိလာပါတယ် ။ 

ရော်နယ်ဒိုဟာ သူ့ရဲ.မိတ်ဆွေ ကစ်ဘောက်ဆင်သမား ဟာရီဆီကို မကြာခဏ အလည်အပတ်သွားလေ့ရှိပြီး လူတွေက သူတို့နှစ်ယောက်ကို တိတ်တိတ်ပုန်း တွေလို့ ယူဆနေကြပါတယ် ။ ဒီသတင်းကတော့ ပြင်သစ်တီဗီအစီအစဉ်တစ်ခုက ဘောလုံးသမားတွေ အားလပ်ချိန်မှာ ဘာတွေလုပ်တက်သလည်း ဆိုတာကို ပြောဆိုကြရင်း ရိုနယ်ဒိုအကြောင်း ပြောမိရာကနေ စတင်ထွက်ပေါ်လာတာပါ ။ ရော်နယ်ဒိုဟာ ဟာရီဆီကို တစ်ပတ်လျှင် သုံးခါလောက် ရောက်လေ့ရှိကြောင်းနဲ့ ဟာရီက ဒိုလေးကို ရေကူးကန် နံဘေး ချီထားတဲ့ ပုံရိပ်ဟာ ဝေဖန်သူတွေအတွက်ရော ၊ ပရိသတ်တွေအတွက်ရော စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

Ref : Dailymail

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations