လူကုန်ကူးမှုနဲ့ ပတ်သတ်နေပါတယ်။
တရုတ်နိုင်ငံ Xuzhou ဒေသက ဒီကလေးမလေးကြောင့် ဆေးရုံအလုပ်သမားတွေ အထိတ်တလန့်နဲ့ အလုပ်ရှုပ်သွားခဲ့ရပါတယ်။ သူမဗိုက်ဟာ ဆိုးဆိုးရွားရွား အနေအထားနဲ့ ဆေးရုံရောက်လာတာပါ။
သူမဟာ ဆေးရုံကို အသက် လေးဆယ်အရွယ် ခင်ပွန်းဖြစ်သူနဲ့ ယောက္ခမတို့နဲ့အတူ ရောက်ရှိလာတာ ဖြစ်တယ်လို့ ဆိုပြီး သူမဟာ ကိုယ်ဝန်သုံးလရှိနေပြီဖြစ်ကြောင်းနဲ့ စစ်ဆေးမှုတွေပြုလုပ်ပေးဖို့ ဆိုခဲ့ပါတယ်။
ဆေးရုံတင်ရာမှာတော့ ခင်ပွန်းသည်နဲ့ ယောက္ခမဖြစ်သူတို့က သူမဟာ အသက် ၂၀ ရှိပြီလို့ ဆိုခဲ့ကြပေမယ့် ၊ ဆေးရုံဝန်ထမ်းတွေကတော့ ဘယ်လိုမှ ယုံကြည်ပေးလို့ မရပါဘူး ။ ဆေးရုံဝန်ထမ်းတစ်ဦးက သူမက ဘယ်လိုမှ အသက် ၂၀ ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
သူမကို ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဆေးရုံကို ခေါ်လာတာဖြစ်ပြီး ဆေးရုံက ကိုယ်ရေးအချက်အလက်တွေ မေးမြန်းတဲ့အခါမှာ အမျိုးသားက ငါ သူမကို ဆေးစစ်ဖို့ ခေါ်လာတာ ၊ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး မေးခွန်းတွေ လျှောက်မေးမနေပါနဲ့လို့ ပြောခဲ့ပါတယ်။
ရဲတွေ ချက်ခြင်းလိုလို ရောက်လာပြီးချိန်မှာ အမျိုးသမီးငယ်ကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ် ။ ကလေးမလေးဟာ တရုတ်စကားမပြောတက်သလို တရုတ်နိုင်ငံသားလည်း မဟုတ်ပါဘူး ။ သူမမှာ ဘာဆိုဘာမှ သက်သေအထောက်အထား ရှိမနေခဲ့ပါဘူး။
ခန့်မှန်းချက်တွေအရတော့ သူမဟာ အခြားသော အရှေ.တောင် အာရှနိုင်ငံတစ်ခုခုက လာတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ် ။ ရဲတွေကတော့ သူမဟာ လက်ထပ်ဖို့ ရောင်းစားခံရတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ် ။  
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations