အင်တာနက်ကနေ တွေ့ပြီး ချစ်ကြိုက်ခဲ့ကြတာပါ


အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ လက်ထပ်လိုက်ကြပြီး အိပ်ထောင်သက် သုံးလကြာမှ သူတို့ဟာ မြေးအဖိုးတော်စပ်မှန်း သိလိုက်ရပါတယ်။


သူတို့နှစ်ဦးဟာ အင်တာနက်က ဖူးစာရှင်ရှာဖွေရေး ဝက်ဆိုဒ်ကနေ တစ်ဆင့်တွေ့ဆုံပြီး လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ သူတို့နှစ်ဦးဟာ ငယ်စဉ်ကတည်းက တွေ့ဖူးခြင်း မရှိကြတဲံ မြေးအဖိုးတွေပါ ။ လက်ထပ်ပြီး သုံးလအကြာမှာ ငယ်စဉ်က မိသားစု ဓါတ်ပုံတွေ ကြည့်ကြရာကနေ သူတို့နှစ်ဦးဟာ မြေးအဖိုးတော်စပ်နေမှန်း သိလိုက်ကြရတာလို့ ဆိုပါတယ်။


အခုလိုဖြစ်ရပ်ကြောင့် သူတို့နှစ်ဦးလုံး အတော်လေးကို အထိတ်တလန့်ဖြစ်ခဲ့ကြရပေမယ့် ကွာရှင်းမှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ် ။ သူတို့အကြောင်းကို ဖော်ပြတဲ့ သတင်းမှာလည်း သူတို့နာမည်ကို မဖော်ပြထားပါဘူး ။ အဖိုးဖြစ်သူကတော့ မြေးဖြစ်သူရဲ. ဓါတ်ပုံကို အင်တာနက်မှာ တွေ့စဉ်ကတည်းက ရင်းနှီးမှုကို ခံစားခဲ့ရကြောင်း ဆိုပါတယ်။


သူက ယခင်တုန်းက အိမ်ထောင်နှစ်ဆက်ရှိဖူးပြီး ၊ မတည်မြဲခဲ့ကြောင်းနဲ့ အခုလက်ရှိ အိမ်ထောင်ကိုတော့ တည်မြဲလိုကြောင်း ဆိုပါတယ်။ မြေးဖြစ်သူ ဇနီးသည်ကလည်း အခုလို မြေးအဖိုးဖြစ်နေခြင်းက ပြန်လည်ကွာရှင်းဖို ့ အကြောင်းပြချက် မဟုတ်ဘူးလို့ ဆိုပါတယ်။

Source : Metro

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations