အလှအပနဲ့ ဆိုင်တဲ့ ပညာရှင်တွေက ဆိုတာပါ


ဗြိတိန်နိုင်ငံက နာမည်ကြီး သတင်းစာတစ်စောင်က မိမိရဲ. ကျင်ငယ်ရေနဲ့ မျက်နှာကို သုတ်လိမ်းပေးခြင်းဟာ အခြားပေါင်းတင်ပစ္စည်းတွေထက် များစွာပိုပြီး ထိရောက်တယ်လို့ ဆိုလိုက်ပါတယ်။ အရေပြား ပညာရှင်အချို.ကလည်း ကျင်ငယ်ရေဟာ အရေပြားအတွက် အထူးသင့်တော်တဲ့ သဘာဝဆေးလို့ ယုံကြည် လက်ခံထားပါတယ်။


ကျင်ငယ်ရည်နဲ့ မျက်နှာလိမ်းခြင်းဟာ ဟိုးယခင် ဂရိ ၊ အီဂျစ် ၊ ရိုမန်အင်ပါယာခေတ်တွေကတည်းက ခေတ်စားခဲ့တာ ဖြစ်ပြီး ၊ ကျင်ငယ်ရေနဲ့ မျက်နှာသန်စင်တဲ့ ဓလေ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီနည်းလမ်းဟာ လူမသိသူမသိ ကိုယ့်အိမ်မှာတင် လုပ်လို့ရနိုင်ပြီး မျက်နှာသစ်ဖို့အတွက်လည်း ကျင်ငယ်ရေ အနည်းငယ်သာ လိုတယ်လို့ ဆိုပါတယ်။


ကျင်ငယ်ရေကို ရေနဲ့ မျက်နှာသစ်သလို သုံးစရာမလိုပဲ တို့ပတ်စ သို့တည်းမဟုတ် ဝါဂွမ်း ၊ အဝတ်တို့နဲ့ တို့စွတ်ပြီး မျက်နှာပေါ် တို့ပေးရုံနဲ့ သိသိသာသာ စွမ်းဆောင်မှု ပေးနိုင်မှာပါ ။ ကျင်ငယ်ရေထဲမှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းတွေကလည်း မျက်နှာပြင် အရေပြားပေါ်က အညိုအမည်း အနီဖုများ ၊ နှင်းခူလို အရေးပြားရောဂါများ ဝက်ခြံတင်းတိပ် မှဲ့ခြောက် စတာတွေကိုလည်း ပျောက်ကင်းစေနိုင်တယ်လို့ ဆိုပါတယ်။

ပညာရှင်အချို.ကတော့ ကျင်ငယ်ရေနဲ့ မျက်နှာသစ်တာကို အားမပေးကြပါဘူး ၊ ကျင်ငယ်ရေဟာ အသားအရေ လှပစေနိုင်တယ်ဆိုတာကို မငြင်းပေမယ့် ကျင်ငယ်ရေကို လူတွေက ရွံစရာ မသတီစရာလို့ လက်ခံထားတာမို့ ဒီလိုအရာကို မျက်နှာပေါ် တင်မယ့်အစား အခြားသော ထိရောက်ကောင်းမွန်တဲ့ အသားအရေ လိမ်းဆေးတွေကို သာ အသုံးပြုဖို့ တိုက်တွန်းထားတာပါ။

ပညာရှင်အချို.ကတော့ ကျင်ငယ်ရေနဲ့ မျက်နှာသစ်တာကို အားမပေးကြပါဘူး ၊ ကျင်ငယ်ရေဟာ အသားအရေ လှပစေနိုင်တယ်ဆိုတာကို မငြင်းပေမယ့် ကျင်ငယ်ရေကို လူတွေက ရွံစရာ မသတိီစရာလို့ လက်ခံထားတာမို့ ဒီလိုအရာကို မျက်နှာပေါ် တင်မယ့်အစား အခြားသော ထိရောက်ကောင်းမွန်တဲ့ အသားအရေ လိမ်းဆေးတွေကို သာ အသုံးပြုဖို့ တိုက်တွန်းထားတာပါ။

Source : Mirror

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations