အသက်မပြည့်သေးသူတွေလည်း ပါဝင်နေပါတယ။်
ဒီရက်ပိုင်းထဲမှာတော့ မလေးရှား ဒေသတွင်းသတင်းတွေမှာ အွန်လိုင်းဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်ခြင်း application တွေမှာ မလေးရှား အမျိုးသမီးငယ်လေးတွေ ငွေကြေးအတွက် သူမတို့ရဲ. ခန္တာကိုယ်ကို မဖွယ်မရာ ပြသနေခြင်းတွေအကြောင်း ထောက်ပြဝေဖန်တဲ့ သတင်းတွေ ဖော်ပြထားပါတယ်။
လေ့လာမှုအရ အခုလို တိုက်ရိုက်ထုတ်လွှင့်မှုမှာ အသက် ၁၄ နှစ်အရွယ်ဝန်းကျင် မလေးရှားမိန်းကလေးတွေတောင် ပါဝင်တယ်လို့ သိရပါတယ် ။ သူတို့ဟာ အခုလိုထုတ်လွှင့်မှုကနေ ဖော်ချွတ်မှုတွေ အတွက် Virtual moeny တွေ ရရှိတယ်လို့ ဆိုပါတယ် ။ 
အမျိုးသားတွေကတော့ Virtual Moeny ပေးချေမှုတွေ ပြုလုပ်တယ်လို့ သိရပါတယ်။ App ထဲမှာ ငွေအစစ်နဲ့ Diamonds တွေ ဝယ်ထားပြီး သဘောကျတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ လက်ဆောင်အဖြစ် ပေးလို့ရတာမျိုးပါ ။ ဒါကို ရရှိသူတွေက နောက်ပိုင်းမှာ ငွေအစစ်နဲ့ ပြန်လဲထုတ်လို့ရပါတယ်။ ကုန်ကျငွေက ဒေါ်လာ ၀.၂၄ ကနေ ၂၁ ထိတောင် ရှိနေတာပါ။
တစ်ယောက်သော တိုက်ရိုက်ထုတ်လွှင့်သူ မိန်းကလေးတစ်ဦးက အခုလို ဆိုပါတယ်။ ကျောင်းမှာဆိုရင် ကျွန်မကို ဘယ်သူကမှ သတိမထားမိဘူး ၊ ဒီနေရာမှာတော့ အဲ့လိုမဟုတ်ဘူးလေ လို့ ဆိုပါတယ် ။ 
အင်တာနက်ပေါ်မှာတော့ တိုက်ရိုက်ထုတ်လွှင့်တဲ့ App တွေ များစွာရှိပြီး ထင်ရှားတဲ့ တိုက်ရိုက်ထုတ်လွှင့်သူတွေဟာ အလွယ်တကူပဲ ဝင်ငွေဖန်တီးနိုင်ပါတယ်။ ပုံမှန် တိုက်ရိုက်ထုတ်လွှင့်မှုတွေဟာ အားကစားပွဲတွေ ဂီတပွဲတွေနဲ့ အခြားသော အရာတွေကို ထုတ်လွှင့်ပေမယ့် အွန်လိုင်းပေါ်က တိုက်ရိုက်ထုတ်လွှင့်မှုကတော့ ကိုယ်ကိုယ့်ကိုုယ်တိုက်ရိုက် ထုတ်လွှင့်နိုင်တာမျိုးပါ။ ကြည့်ရှုသူတွေနဲ့လည်း တိုက်ရိုက် စကားပြောဆိုနိုင်ပါသေးတယ်။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations