ဆိုးပါတယ် :(


အောက်တိုဘာလ ၂၃ ရက်နေ့တုန်းက ဂျပန်နိုင်ငံတိုကျိုမြို. မြောက်ဖက် မိုင် ၆၀ အကွာက အူဆူနိုမီယာမြို. ပန်းခြံနဲ့ ကားရပ်နားရာနေရာတစ်ခုမှာ ပေါက်ကွဲမှုနှစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ၊ ဒုတိယပေါက်ကွဲမှုမှာ ဂျပန်ကာကွယ်ရေးတပ်မှ အငြိမ်းစာတပ်ဖွဲ့ဝင် အဘိုးအို သေဆုံးခဲ့ပါတယ်။


ဒီဖြစ်စဉ်ဟာ အသက် ၇၂ နှစ်အရွယ် ဂျပန်စစ်သားဟောင်းရဲ. ကိုယ့်ကိုကိုယ် အသေခံဖောက်ခွဲမှု ဖြစ်ကြောင်း NHK သတင်းငှာနက ဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ. စစ်ဆေးမှုတွေအရ အဖိုးအိုဟာ သေကြောင်းကြံစည်မှုနဲ့ ပတ်သတ်ပြီး စာရေးသားထားခဲ့တယ်လို့ သိရပါတယ်။


အဲ့ဒီနေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် အသက် ၆၄ နှစ်နဲ့ ၅၈ နှစ်အရွယ် အမျိုးသားနှစ်ဦးနဲ့ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ် ။ သတင်းဓါတ်ပုံတွေအရ ကားနှစ်စီးမီးလောင်နေတာကို တွေ့ရပါတယ်။


ဂျပန်နိုင်ငံဟာ ကိုယ့်ကိုကိုယ် သတ်သေမှု အများဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး တစ်နှစ်ကို လူပေါင်း သုံးသောင်းခန့် ကိုယ့်ကိုကိုယ် သတ်သေတယ်လို့ သိရပါတယ် ။ 

Source : Reuters, NHK

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations