ဆိုးရွားလွန်းပါတယ်


အာဖရန်နစ္စတန်က အမျိုးသမီးငယ်တစ်ဦးဟာ သေနတ်နဲ့ ခြိမ်းခြောက်ပြီး မုဒိန်းကျင့်ခံခဲ့ရကာ သူမက ရဲစခန်းကို သွားတိုင်တဲ့အခါမှာတော့ ပိုမိုဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။


ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက သူမဟာ အမျိုးသားတစ်ဦးရဲ. သေနတ်နဲ့ ခြိမ်းခြောက်ခေါ်ဆောင်ခြင်း ခံခဲ့ရပြီး ။ သူမကို ခေါ်သွားတာကတော့ သူမရဲ. အိမ်ရှိတဲ့ လမ်းထဲက အိမ်တစ်အိမ်ဖြစ်ပြီး သူမကိုတော့ ခြိမ်းခြောက်ခေါ်ဆောင်လာတဲ့ အမျိုးသားနဲ့ အခြားအမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့တာပါ။ 


ဒီကိစ္စကို သူမက ဖခင်ဖြစ်သူကို ဖွင့်ဟပြောဆိုခဲ့တာမို့ ဖခင်က သူမကို ခေါ်ဆောင်ပြီး နယ်မြေရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်။ ရဲစခန်းမှာတော့ ရဲအရာရှိက ဖခင်ကို အပြင်မှာစောင့်နေဖို့ ပြောပြီး သူမကို ရုံးခန်းတွင်းမှာတင် မုဒိန်းကျင့်ခဲ့ပြီး ဒီကိစ္စကို ပြန်ပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း မိန်းကလေးက ဆိုပါတယ်။


အာဖဂန်နစ္စတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချမှု မရှိဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ၊ မိန်းကလေးအများစုဟာ မုဒိန်းမှုတွေ ဖြစ်ပွားနေပေမယ့်လည်း ရဲတွေကို တိုင်ကြားတာမျိုး ပြုလုပ်ဖို့ စိုးရွံကြပြီး တိုင်ကြားလေ့ မရှိပါဘူး။

Source : Mirror

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations