ဗီဒီယိုထြက္လာျပီး ေဝဖန္မႈႏႈန္း ျမင့္တက္လာတာပါ

တရုတ္ႏိုင္ငံရဲ. လူခ်စ္လူခင္မ်ားတဲ့ နာမည္ေက်ာ္ အားကစားသမားတစ္ဦးဟာ သူ႔ရဲ. ကေလးေမြးဖြားခါနီး ဇနီးသည္အေပၚ ေဖာက္ျပန္မႈေၾကာင့္ အြန္လိုင္းမွာ ဆိုးဆိုးရြားရြား ေဝဖန္ျခင္း ခံေနရပါတယ္။

တရုတ်နိုင်ငံရဲ. လူချစ်လူခင်များတဲ့ နာမည်ကျော် အားကစားသမားတစ်ဦးဟာ သူ့ရဲ. ကလေးမွေးဖွားခါနီး ဇနီးသည်အပေါ် ဖောက်ပြန်မှုကြောင့် အွန်လိုင်းမှာ ဆိုးဆိုးရွားရွား ဝေဖန်ခြင်း ခံနေရပါတယ်။

တရုတ္ ၾကက္ေတာင္ရိုက္ ကစားသမား Lin Dan ရဲ.ေမာ္ဒယ္မင္းသမီးနဲ႔ မဖြယ္မရာ ပံုရိပ္ဟာ ယမန္ေန႔ညက Weibo မွာ တက္လာျပီး လူေတြကို ေရွာ့ခ္ျဖစ္ေစတဲ့ သတင္းတစ္ပုဒ္ျဖစ္သြားပါတယ္။

တရုတ် ကြက်တောင်ရိုက် ကစားသမား Lin Dan ရဲ.မော်ဒယ်မင်းသမီးနဲ့ မဖွယ်မရာ ပုံရိပ်ဟာ ယမန်နေ့ညက Weibo မှာ တက်လာပြီး လူတွေကို ရှော့ခ်ဖြစ်စေတဲ့ သတင်းတစ်ပုဒ်ဖြစ်သွားပါတယ်။

ဒီပံုကိုေတာ့ တရုတ္ႏိုင္ငံရဲ. နာမည္ေက်ာ္ေတြရဲ. သတင္းအတင္းေတြကို တင္ေလ့ရွိတဲ့ Detective Zhao အမည္ရွိသူက တင္ထားခဲ့တာျဖစ္ျပီး ပံုထဲမွာေတာ့ Lin ဟာ ဟိုတယ္ခန္းထဲမွာတင္ အမ်ိဳးသမီးနဲ႔ ဖက္ေနတာပါ။

ဒီပုံကိုတော့ တရုတ်နိုင်ငံရဲ. နာမည်ကျော်တွေရဲ. သတင်းအတင်းတွေကို တင်လေ့ရှိတဲ့ Detective Zhao အမည်ရှိသူက တင်ထားခဲ့တာဖြစ်ပြီး ပုံထဲမှာတော့ Lin ဟာ ဟိုတယ်ခန်းထဲမှာတင် အမျိုးသမီးနဲ့ ဖက်နေတာပါ။

အင္တာနက္ အသံုးျပဳသူေတြက ဒီပံုထဲက အမ်ိဳးသမီးဟာ ေမာ္ဒယ္မင္းသမီး Zhao Yaqi ျဖစ္တယ္လို႔ ဆိုၾကျပီး ဒီပို႔စ္ဟာ လူေတြၾကား အလ်ွင္အျမန္ပဲ နာမည္ၾကီးသြားျပီး ကြန္မန္ေပါင္း ေလးေသာင္းေက်ာ္ေတာင္ ရွိတာပါ။

အင်တာနက် အသုံးပြုသူတွေက ဒီပုံထဲက အမျိုးသမီးဟာ မော်ဒယ်မင်းသမီး Zhao Yaqi ဖြစ်တယ်လို့ ဆိုကြပြီး ဒီပို့စ်ဟာ လူတွေကြား အလျှင်အမြန်ပဲ နာမည်ကြီးသွားပြီး ကွန်မန်ပေါင်း လေးသောင်းကျော်တောင် ရှိတာပါ။

သိပ္မၾကာခင္မွာပဲ Lin Dan တစ္ေယာက္ ဒီကိစၥနဲ႔ ပတ္သတ္ျပီး ေတာင္းပန္ခဲ့ရပါတယ္ ၊ ကၽြန္ေတာ္ ေယာက်ၤားတစ္ေယာက္ အေနနဲ႔ ကိုယ္လုပ္ခဲ့မိတာအတြက္ တာဝန္ ယူပါတယ္ ၊ အခုလည္း  ဒီလုပ္ရပ္အတြက္ ကၽြန္ေတာ္မိသားစု နာက်င္ေနရပါျပီ ၊ ကၽြန္ေတာ္ေတာင္းပန္ပါတယ္လို႔ ဆိုခဲ့ပါတယ္။

သိပ်မကြာခင်မှာပဲ Lin Dan တစ်ယောက် ဒီကိစ္စနဲ့ ပတ်သတ်ပြီး တောင်းပန်ခဲ့ရပါတယ် ၊ ကျွန်တော် ယောကျင်္ားတစ်ယောက် အနေနဲ့ ကိုယ်လုပ်ခဲ့မိတာအတွက် တာဝန် ယူပါတယ် ၊ အခုလည်း  ဒီလုပ်ရပ်အတွက် ကျွန်တော်မိသားစု နာကျင်နေရပါပြီ ၊ ကျွန်တော်တောင်းပန်ပါတယ်လို့ ဆိုခဲ့ပါတယ်။

Detective Zhao က ဒီဓါတ္ပံုဟာ ေအာက္တိုဘာလက ရိုက္ကူးထားတာျဖစ္ျပီး Lin ရဲ. အမ်ိဳးသမီး ေမြးခါနီး ဖြားခါနီး အခ်ိန္မွာ ေဖာက္ျပန္ခဲ့ၾကတာလို႔ အခိုင္အမာဆိုထားပါတယ္ ။ 

Detective Zhao က ဒီဓါတ်ပုံဟာ အောက်တိုဘာလက ရိုက်ကူးထားတာဖြစ်ပြီး Lin ရဲ. အမျိုးသမီး မွေးခါနီး ဖွားခါနီး အချိန်မှာ ဖောက်ပြန်ခဲ့ကြတာလို့ အခိုင်အမာဆိုထားပါတယ် ။ 

Lin Dan ဟာ အိုလံပစ္ ေရႊႏွစ္ၾကိမ္ ရထားျပီး ၊ ငါးၾကိမ္တိုင္တိုင္ ကမၻာခ်န္ပီယံ ျဖစ္ခဲ့သူပါ ။ 

Lin Dan ဟာ အိုလံပစ် ရွှေနှစ်ကြိမ် ရထားပြီး ၊ ငါးကြိမ်တိုင်တိုင် ကမ္ဘာချန်ပီယံ ဖြစ်ခဲ့သူပါ ။ 

Buzzy Team မွ စီစဥ္တင္ဆက္ေသာ buzzy.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Facebook Conversations