ဒဏ်ကြေးလည်း ဆောင်ရပါသေးတယ် ၊ သူမဘာလုပ်လိုက်လို့လည်း ?


ဘရာဇီးကလပ်အသင်းများဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲမှာ ဂရီမီယိုအသင်းဟာ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပေမယ့် ဘောလုံးအသင်းရဲ. နည်းပြဖြစ်သူရဲ. သမီးကြောင့် အိမ်ကွင်းကစားခွင့်တော့ အပိတ်ခံလိုက်ရပါတယ်။


ဂရီမီယိုအသင်းဟာ ခရူဇီယိုအသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အသင်းနည်းပြ ရီနေတိုဂူချိုက သမီးဖြစ်သူနဲ့ ကွင်းအတွင်း အောင်ပွဲခံခဲ့တာကြောင့် အခုလို ပြစ်ဒဏ်ချခံရတာပါ ။ ပြိုင်ပွဲစည်းကမ်းအရ ဘောလုံးကွင်း မြက်ခင်းပြင်ကို သူစိမ်းဧည့်သည်တွေ ဝင်ရောက်ခွင့်မရှိပဲ ဒါကို ဂရီမီယိုအသင်းက ဝင်ခွင့်ပေးခဲ့လို့ အပြစ်ပေးခံရတာပါ။


ဂရီမီယိုအသင်းဟာ အခုလိုမျိုး နည်းပြရဲ. သမီးမော်ဒယ်ဖြစ်သူကို ကွင်းအတွင်းပေးဝင်ခဲ့ခြင်းကြောင့် ဗိုလ်လုပွဲမှာ အိမ်ကွင်းကစားခွင့် အပိတ်ခံလိုက်ရပါတယ်။ ဘရာဇီးပြည်တွင်းဖလား ပြိုင်ပွဲတွေဟာ ဗိုလ်လုပွဲကို အိမ်ကွင်းအဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင် ကစားရတာဖြစ်ပါတယ်။ 


အိမ်ကွင်း ပိတ်ရုံတင်မက စတာလင်ပေါင် ဒေါ်လာ ရှစ်ထောင်ကိုလည်း ဒဏ်ကြေးပေးဆောင်ရဦးမှာပါ။ နည်းပြရဲ. သမီးကတော့ ကာရိုလီနီဖြစ်ပြီး သူမဟာ ကျောင်းသူတစ်ဦးဖြစ်သလို မော်ဒယ်အလုပ်ကိုလည်း လုပ်ကိုင်သူဖြစ်ပါတယ်။

Source : The Sun

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations