ခဏပျော် အချစ်ကြောင့် အပျိုကြီးပဲ ဖြစ်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်


သင်ဇာဝင့်ကျော်တစ်ယောက် သူမရဲ. အချစ်ရေးနဲ့ ပတ်သတ်လို့ အင်တာဗျူးမှာ ဖြေပေးခဲ့ပါတယ်။ သူမက ဒီနှစ်ဝါကျွတ်မှာ အနုပညာလောကထဲက အနုပညာရှင် အတော်များများ အိမ်ထောင်ပြုတဲ့ နှစ်တစ်နှစ်ဖြစ်ပေမယ့် သူမကတော့ တစ်ယောက်တည်းပဲလို့ ဆိုပါတယ်။


သူမက မိသားစုနဲ့ အချိန်ကုန်နေရတာကို ပိုကြိုက်ကြောင်းနဲ့ ရည်းစားထားရင်လည်း ခဏပဲ ပျော်တယ်လို့ ဆိုပါတယ်။ ကြာလာရင် စိတ်တွေက ရှုပ်လာတက်တယ်လို့ သူမကဆိုပါတယ်။ သူမရဲ. ဇာတာကိုက အပျိုကြီးကံဆိုတော့ အချစ်ရေးကိုလည်း သိပ်ပြီး ပြောလို့မရပါဘူးလို့ ဆိုသွားပါတယ်။


သင်ဇာဝင့်ကျော်အနေနဲ့ "မင်းလည်း ဘိုကေ ငါလည်း ဘိုကေ" ရုပ်ရှင်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားကြောင်း နဲ့ ဟာသကားတွေကို ပရိသတ်တွေကို ဝေဖန်နေကြချိန်မှာ ဒီဇာတ်ကားလေးကိုလည်း အားပေးစေလိုကြောင်း ပြောသွားခဲ့ပါတယ်။

Source : Yangon Media Group

Photo  : သင်ဇာဝင့်ကျော် ဖေ့စ်ဘွတ်

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations