ဘာကြောင့်လည်း ?
ဂျပန်နိုင်ငံက အမျိုးသမီးတွေဟာ သူမတို့ရဲ. မအောင်မြင်တဲ့ အချစ်ရေး ၊ အဆင်မပြေမှုတွေအတွက် ဂိမ်းတွေထဲက ပုံရိပ်ယောင် ရည်းစားကို အစားထိုး အသုံးပြုလာကြတယ်လို့ ဆိုပါတယ်။
သန်းနဲ့ချီတဲ့ အမျိုးသမီးတွေဟာ မိုဘိုင်းဂိမ်းတွေထဲက ဇာတ်ကောင်အမျိုးသားတွေနဲ့ ပုံရိပ်ယောင် သမီးရည်းစားအဖြစ် နေထိုင်ပြီး သူတို့ရဲ. လစ်ဟာနေမှုကို အစားထိုး အသုံးပြုတယ်လို့ သိရပါတယ်။ ယနေ့ခေတ်မှာဆိုရင် ပုံမှန် ချစ်သူရည်းစား ဂိမ်းတွေသာမက လိင်ပိုင်းဆိုင်ရာ  လုပ်ဆောင်ချက်တွေပါ ပါဝင်တဲ့ ဂိမ်းတွေဟာ အမျိုးသမီးတွေကြား ရေပန်းစားနေတာပါ။
ဂိမ်းထဲမှာဆိုရင် အမျိုးသမီးတွေဟာ သူတို့ စိတ်ကြိုက် အမျိုးသားပုံပန်းကို ရွေးချယ်ခွင့် ရှိနေတာပါ။ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက သူမဟာ လွန်ခဲ့တဲ့ ရှစ်နှစ် ရည်းစားနဲ့ ပြတ်သွားပြီးကတည်းက ဂိမ်းထဲမှာပဲ ရည်းစားထားကြောင်း ၊ ဒီဇာတ်ကောင်တွေဟာ ကိုယ်လိုချင်တာကို လုပ်ပေးကြောင်း ၊ တကယ့်အမျိုးသားတွေ မလုပ်ဆောင်နိုင်တာကို လုပ်ပေးနိုင်ကြောင်း ဆိုပါတယ်။ 
သူမက ကျွန်မအနေနဲ့ အထီးကျန်ရပါတယ် ၊ ဒါ့အပြင် ဂျပန်အမျိုးသားတွေဟာ အရှက်ကြီးပြီး ၊ မိန်းကလေးတစ်ယောက်ကို ချစ်တယ်ပြောဖို့ ဝန်လေးလွန်းတာမို့ စိတ်ပျက်မိပါတယ်လို့ သူမက ဆိုပါတယ်။ သမီးရည်းစားဂိမ်းထဲမှာတော့ အမျိုးသမီးတွေလိုချင်တဲ့ Romatic ခံစားချက်မျိုးကို ရရှိစေတယ်လို့ ဆိုပါတယ်။ 
ဂျပန်နိုင်ငံဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ ဂိမ်းကနေ ဝင်ငွေဒေါ်လာ ၆.၅ ဘီလီယံလောက် ရရှိခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံအတွင်းမှာ အသက် ၁၈ ကနေ ၃၄ နှစ်ကြားထိ တစ်ကိုယ်တည်း နေထိုင်နေသူတွေ များစွာ ရှိနေပြီး ဂိမ်းကုမဏီတွေအတွက် တကယ့်စျေးကွက်ကြီး ဖြစ်ခဲ့ပါတယ်။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations