ဒိုလေး ဘာကြောင့် ကြွေတယ်ဆိုတာ....


နာမည်ကျော် ဒိုလေးတစ်ယောက် ၊ နာမည်ကျော်ဖြစ်တာနဲ့ အတူ အချစ်ရေးနဲ့ ပတ်သတ်လို့ သတင်းတွေ အမျိုးမျိုး ထွက်လေ့ ရှိသလိုပဲ အခုလည်း ဂျော်ဂျီနာ အမည်ရှိ ကောင်မလေးတစ်ယောက်နဲ့ အနမ်းခြွေနေတဲ့ ပုံရိပ်တွေ ထွက်လာပြန်ပါတယ်။


ဒါနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဂျော်ဂျီနာတစ်ယောက် သူမရဲ. အင်စတာဂရမ်မှာ အတွင်းခံသာသာ ဝတ်စုံလေးနဲ့ ခန္တာကိုယ်အလှကို ပြထားတဲ့ ပုံရိပ်တွေ တင်လိုက်တာပါ။ သူမက Gucci ကုမဏီက ဝန်ထမ်းတစ်ဦးလို့ သိရပြီး ဒိုလေးနဲ့ ဖက်ရှင်ပွဲတစ်ခုမှာ တွေ့ဆုံပြီး ချစ်ကြိုးသွယ်ခဲ့တာလို့ သတင်းတွေ ထွက်နေပါတယ်။


ရော်နယ်ဒိုရဲ. အချစ်ဇာတ်လမ်းကို သတင်းထောက်တွေက အမှီလိုက်နိုင်ခဲ့ပါတယ်။ ပါရီမြို.က ပန်းခြံတစ်ခုမှာ ဂျော်ဂျီနာနဲ့ ချိန်းတွေ့နေကြတာကို အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ ဒိုလေးက ဆံပင်အတု စွပ်ပြီး နေကာမျက်မှန်တပ်ကာ ရုပ်ဖျက်ထားပါသေးတယ်။

Source : The Sun

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations