နည်းလမ်းက အဟုတ်ကြီး


စပိန်နိုင်ငံက ပြည်တွင်းဘောလုံးပြိုင်ပွဲတစ်ခုမှာ တစ်ဖက်အသင်းက ပင်နယ်တီကန်သွင်းတာ မဝင်အောင်ဆိုပြီး ပရိသတ်တစ်ဦးက ဘောင်းဘီချွတ်နှောင့်ယှက်ခဲ့လို့ ပယ်နယ်တီလွဲချော်ပြီး ရှုံးနိမ့်သွားပါတယ်။


ဖြစ်စဉ်ကတော့ ဒုတိယတန်း ဘောလုံးပြိုင်ပွဲ ဟားကျူးလက်စ်အသင်းနဲ့ အယ်လ်ကိုယာနို အသင်းတို့ ပြိုင်ပွဲမှာ ဖြစ်ပြီး ဘောင်းဘီချွတ်နှောင့်ယှက်တာကတော့ အယ်လ်ကိုယာနို အသင်း ပရိသတ်ပါ ။ ပွဲကစားချိန် ၂၇ မိနစ်မှာ ပင်နယ်တီပေးခံရပြီး ဒီဂိုးသာဝင်သွားရင် ကစားပွဲဟာ သရေရလဒ် ဖြစ်သွားမှာပါ။ 


ဘောလုံးကွင်းဟာ ဂိုးတိုင်နဲ့ ပွဲကြည့်စင် အလွန်နီးကပ်တဲ့ အနေအထားမှာ ရှိနေတာမို့ ပရိသတ်ဟာ ပြိုင်ဘက်အသင်းရဲ. ဘောလုံးသမား စိတ်ထွေပြားအောင် ပွဲကြည့်စင်ပေါ်တက်ပြီး ဘောင်းဘီချွတ်နှောင့်ယှက်ခဲ့တာပါ။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations