စိတ်ဝင်စားစရာ ပုံရိပ်တွေ


ဂျပန်နိုင်ငံက စိတ်ဝင်စားဖွယ်ရာ အချစ်ဟိုတယ်တွေအကြောင်း ဒေါ့ကျူမန်ထရီ ပုံရိပ်တွေကို ရိုက်ကူးခဲ့သူကတော့ ဘယ်ဂျီယံဓါတ်ပုံဆရာ Zaza Bertrand ပဲ ဖြစ်ပါတယ်။ အချစ်ဟိုတယ်တွေလို့ လူသိများတယ် ဒီနေရာတွေဟာ ကမ္ဘာက သိပ်မသိသေးတဲ့ ဂျပန်ရဲ. လျှို.ဝှက်နေရာတွေထဲက တစ်ခုပါပဲ။


အချစ်ဟိုတယ်တွေမှာ ပြည့်တန်ဆာလုပ်ငန်းတွေ ရှိခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲကပါ ၊ ၁၉၆၀ မှာ အိုဆာကာကနေ အစပြုလို့ ဒီနေရာတွေဟာ နာမည်ကြီးလာပါတယ် ။ လူတွေရဲ. မိသားစုကြားမှာ စောင့်ထိန်းရမယ့် ကိုယ်ရေးကိုယ်တာတွေကြောင့် လွတ်လွတ်လပ်လပ် နေလိုတဲ့ စုံတွဲတွေ အတွက် အခုလိုနေရာပေါင်း များစွာ ဂျပန်နိုင်ငံမှာ ရှိလာရတာပါ။ 


အချစ်ဟိုတယ်တွေဟာ နာရီပိုင်း ငှားရမ်းနေထိုင်နိုင်တဲ့ အခန်းလေးတွေ ဖြစ်ပြီး တစ်ညတာ တည်းခိုဖို့အတွက်တော့ ၅၅ ပေါင်လောက် ကျသင့်ပါတယ်။ ခန့်မှန်းခြေအရ စုံတွဲပေါင်း တစ်သန်းကျော်ဟာ ဒီဟိုတယ်တွေကို နေ့စဉ်လာရောက်ပါသတဲ့။


ဘယ်လိုပဲဆိုကြပါစေ ၊ အချစ်ဟိုတယ်တွေ ဘယ်လောက်ပဲ ပေါများနေပါစေ ဂျပန်နိုင်ငံမှာတော့ ဒီလိုအခန်းတွေကို လက်ခံဖို့ လူသိရှင်ကြား လုပ်ဖို့ ခက်ခဲနေဆဲပါပဲ။ 

Source : Metro

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations